ချစ်သူဖတ်ဖို့ 



တိတ်ဆိတ်မှုက
အလွမ်းကို နိုးကြွစေခဲ့ပြီ
နှင်းပွင့်ကြွေသံက
ဝေေ၀၀ါးဝါး လရောင်ထဲမှာ
ညမွှေးပန်းရနံ့ နဲ့ တဖြောက်ဖြောက်....
ပိုးစုန်းကြူးလေးတစ်ကောင်ပေါ့
မီးအိမ်ကလေးတစ်လုံးနဲ့  လရောင်ကိုအန်တု
ဆိပ်ဖလူးပင်အောက် ချစ်သူပျောက်ကို ရှာဖွေနေလေရဲ့
ချစ်သူရေ.....
မင်းနဲ့ မတွေ့ ခဲ့ရတာဟာ ရက်တွေလဲကြာညောင်းပေါ့
ကာလကကြာညောင်းပေမယ့်
ခံစားမှုက မနေ့ တစ်နေ့ တုန်းကလိုလို
ခံစားရလွန်းလို့ မျက်ရည်တောင် မကျတတ်တော့ဘူး။
ကင်းသမားရဲ့ သံသယစကားလား
သံချောင်းခေါက်သံ ကြားရတယ်
ညည့်နှက်ထဲမှာတော့
ငါ့အလွမ်းတွေ သွေးတိုးနေလေရဲံ့။

Comments