အစွန့်ပစ်ခံလရောင်
အိပ်မက်တွေ လေဟုန်စီးတဲ့ညမှာ
ရင်ခုန်သံ လက်တစ်ကမ်းအတွက်
သိက္ခာနဲ့ မာန ကို စတေးခဲ့ဖူးတယ်
ဒါပေမယ့်လေ
ပေးဆပ်ခဲ့သမျှနဲ့မကာမိအောင်ပဲ
သူ့ဘက်ကတုံ့ပြန်မှုက
ရန်သူတစ်ယောက်ကိုဆက်ဆံသလို
အေးစပ်နင့်သီးလွန်းနေခဲ့တယ်
တကယ်ဆို
ငါမြတ်နိုးကိုးကွယ်ခဲ့မိတဲ့
သံယောဇဉ်နှောင်ကြိုးက
တို့နှစ်ယောက်ရဲ့ခံစားချက်တွေကြား
ခပ်ပါးပါးလေးတောင် မချည်နှောင်နိုင်ခဲ့ဖူးလားကွယ်
အားလုံးပြီးဆုံးသွားခဲ့ပါပြီ
ဟုတ်တယ်
တကယ်ပဲ ပြီးဆုံးသွားခဲ့ပါပြီ
နောက်ဆုံးတော့
အစွန့်ပစ်ခံ ဘ၀ရဲ့ ကြေကွဲလွမ်းဆွတ်မှုတွေကို
လွယ်အိပ်ထဲ တယုတယခေါက်ထည့်ပြီး
နင်မပါနိုင်တော့မယ့် ဘ၀လမ်းပေါ်
ငါတစ်ယောက်တည်း ခရီးဆက်ရဦးမယ်.........
ရင်ခုန်သံ လက်တစ်ကမ်းအတွက်
သိက္ခာနဲ့ မာန ကို စတေးခဲ့ဖူးတယ်
ဒါပေမယ့်လေ
ပေးဆပ်ခဲ့သမျှနဲ့မကာမိအောင်ပဲ
သူ့ဘက်ကတုံ့ပြန်မှုက
ရန်သူတစ်ယောက်ကိုဆက်ဆံသလို
အေးစပ်နင့်သီးလွန်းနေခဲ့တယ်
တကယ်ဆို
ငါမြတ်နိုးကိုးကွယ်ခဲ့မိတဲ့
သံယောဇဉ်နှောင်ကြိုးက
တို့နှစ်ယောက်ရဲ့ခံစားချက်တွေကြား
ခပ်ပါးပါးလေးတောင် မချည်နှောင်နိုင်ခဲ့ဖူးလားကွယ်
အားလုံးပြီးဆုံးသွားခဲ့ပါပြီ
ဟုတ်တယ်
တကယ်ပဲ ပြီးဆုံးသွားခဲ့ပါပြီ
နောက်ဆုံးတော့
အစွန့်ပစ်ခံ ဘ၀ရဲ့ ကြေကွဲလွမ်းဆွတ်မှုတွေကို
လွယ်အိပ်ထဲ တယုတယခေါက်ထည့်ပြီး
နင်မပါနိုင်တော့မယ့် ဘ၀လမ်းပေါ်
ငါတစ်ယောက်တည်း ခရီးဆက်ရဦးမယ်.........

Comments