ဝတ်ရည်အခိုးခံရတဲ့ပျား

ဝတ်ရည်အခိုးခံရတဲ့ပျား

နားထဲစီးသွားတဲ့ ရယ်သံဖိတ်တ၀က် ,စင်တ၀က်မှာ
နောက်လှည့်မကြည့်ဖြစ်ပါဘဲ
ခေတ်အဆက်ဆက်မှားခဲ့တဲ့သတ်ပုံသတ်ညွှန်းမျိုး
ရိုကျိုးစွာမှားလိုက်ပါတော့တယ်.....
အချိန်ရဲ့တိုက်စားမှု့မှာ
တစ်ရစ်ပြီးတစ်ရစ်တက်လာတဲ့သံယောစဉ်ကို
ရစ်ဖွဲ့သီထုံးရင်း ၊
သူမသိနိုင်ပေမယ့်
ခေါင်းလောင်းသံတချွင်ချွင်မှာ
ငါလျှုတဲ့ပန်းလို လန်းမှလန်းရဲ့လား
ငါလျှုတဲ့ရေလို အေးမှအေးရဲ့လား
ငါပို့တဲ့ဆုတောင်းကြောင့်
ရေလိုအေးပြီး ပန်းလိုလန်းပါစေ......

ရဲရင့်

Comments

Popular Posts