ဖတ်ကြည့်ပေးပါ
[image: XINY@W13]
တကယ်လို့များ တနေ့နေ့မှာ မင်း ငိုကြွေးချင်နေခဲ့ရင်... ကို့ကို ခေါ်လိုက်ပါ...
မင်းကို ရယ်မောအောင် လုပ်မယ်လို့တော့ ကို ကတိမပေးပါဘူး....
မင်းနဲ့အတူတူတော့ ငိုကြွေးနိုင်ပါတယ်...
တကယ်လို့များ တနေ့နေ့မှာ မင်း ငိုကြွေးချင်နေခဲ့ရင်... ကို့ကို ခေါ်လိုက်ပါ...
မင်းကို ရယ်မောအောင် လုပ်မယ်လို့တော့ ကို ကတိမပေးပါဘူး....
မင်းနဲ့အတူတူတော့ ငိုကြွေးနိုင်ပါတယ်...
[image: XINY@W13]
တကယ်လို့များ တနေ့နေ့မှာ မင်း အဝေးဆုံးကို ပြေးထွက်သွားချင်နေခဲ့ရင်... ကို့ကို
ခေါ်ဖို့ မစိုးရိမ်နေပါနဲ့...
မင်းကို ထွက်မသွားဖို့ တောင်းဆိုမယ်လို့ ကို ကတိမပေးပါဘူး....
မင်းနဲ့ အတူတူတော့ ပြေးထွက်နိုင်ပါတယ်...
[image: XINY@W13]
တကယ်လို့များ တနေ့နေ့မှာ မင်း ဘယ်သူပြောစကားမှာ နားမထောင်ချင်ခဲ့ရင်... ကို့ကို
ခေါ်လိုက်ပါ...
မင်းအတွက် ကို ရှိနေပါမယ်လို့ ကတိပေးတယ်....
ပြီးတော့ တကယ်ကို တိတ်တိတ်လေးနေနေပါ့မယ်လို့လည်း ကတိပေးပါတယ်...
[image: XINY@W13]
ဒါပေမဲ့.. တကယ်လို့များ တနေ့နေ့မှာ မင်း ကို့ ကို လှမ်းခေါ်တဲ့အခါ...
ဘာအသံမှ မကြားရခဲ့ဘူးဆိုရင်တော့...
ကို့ကို အမြန်ဆုံးလာတွေ့ပါ...
ကို မင်းကို လိုအပ်နေတာပဲ ဖြစ်မယ်...

Comments