ကျိန်စာသင့်နှလုံးသား
"ကျိန်စာသင့်နှလုံးသား "
...............................
...............................
နေရစ်ခဲ့လို့ 
မင်းချန်ထားရစ်တော့
မင်းကျောခိုင်းထားတဲ့
ငါ့မျက်ဝန်းအိမ်မှာ
နာကျင်ဝမ်းနည်းခြင်း
မျက်ရည်မြစ် တစ်ခု
တည်ဆောက်ခဲ့တယ်.....
ခွဲမသွားပါနဲ့ လို့ 
မင်းကိုပြောဖို့ အတွက်
ငါ့နှုတ်ခမ်းတစ်စုံဟာ ဆွံ့ အ
တိတ်ဆိတ်နေခဲ့တယ်
ငါ့ရင်ထဲမှာ
မင်းအတွက် စကားလုံးတွေရှိနေပေမယ့်
မင်းပျော်ရွှင်ဖို့ အတွက်
ဆန္ဒတွေ အတင်းမျိုချ
သိမ်းဆည်းထားလိုက်တယ်
ငါမချစ်လို့ မဟုတ်ဘူး
အရမ်းချစ်လို့ 
မင်းစိတ်တိုင်းကျ
ငါ့နှလုံးသားကို
ရင်ကွဲစတေးပြီး
စွန့် လွှတ် လမ်းခွဲခဲ့ကြတယ်
ခုတော့
အချစ်ဆိုတာ
အသံကြားရုံလေးနဲ့ တောင်
ငါ့ရင်ဘတ်ထဲက
ဆစ်ခနဲ့ 
နာတတ်နေပြီလေ........။ ။
Comments