နှင်းအိပ်မက်



                "နှင်းအိပ်မက်"
စိတ်ကူးနဲ့ အေးမြနေတဲ့ ဟော်ဒီဆောင်းမှာ
ညက အိပ်မက်ထဲ နှင်းတွေစိုလို့ 
ရာသီကို ယောင်ပြပြီး
အရောက်နောက်ကြလွန်းတဲ့ နှင်းကိုမျှော်ရတာ
ဒီရင်ရေတွေ ငတ်လို့ ....
နှင်းနဲ့ ကိုယ်မက်ခဲ့တဲ့ ဆောင်းအိပ်မက်တွေက
ရင်လွဲရထားတစ်စင်းဖြစ်ပြီး
ဘ၀မျင်းပြိုင် သံလမ်းနှစ်သွယ်အလား
အလွမ်းတွေခုတ်မောင်းခဲ့တယ်....
2009 ဟာလဲ ငါ့အတွက်တော့
အလွမ်းနှစ် နောက်တစ်နှစ်လား
ရူးရပေါ့ကွယ်။
 
 

Comments