စာမျက်နာတစ်ဆယ့်ငါး
အတိတ်တွေက မှုန်ဝါးပေမယ့် ငါတို့နှစ်ဦးဇာတ်လမ်းမှာ တစ်ချို့နေရာက အကောင်းတိုင်းရှိနေဆဲပါပဲ
ဟိုတစ်ကွက်ဒီတစ်ကွက် ပိတ်ကားထက် အရင်လိုကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိလည်းပဲ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေ ရှိလာတော့လည်း
အမှတ်တမဲ့မင်းကိုလွမ်းပါတယ် အပေါ်ယံရှပ်ထိသော ဓာဏ်ရာမဟုတ်တော့ လွယ်လွယ်ငါမေ့မရဘူးကွယ်
တွေ့ရင်မှတ်မိအုံးမယ်ထင်ပါတယ် နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကိုမင်းရောက်နေလဲ ဘာတွေကိုမင်းလုပ်နေလဲ ဘယ်သူနဲ့မင်းရှိနေတယ်
တွေးမိပါတယ် ငါလွမ်းမောရင်းနဲ့ တစ်ခါတစ်လေ သတိရပါတယ်။။။

Comments