ကမ္ဘာ့အထူးခြားဆုံး ပန်းချီပြပွဲပြုလုပ်မည်
ကမ္ဘာ့အထူးခြားဆုံး ပန်းပု ပြပွဲကြီး
သတင်းနှင့် စာနယ်ဇင်း ရှင်းလင်းပွဲကို ၂၀၁၁ ခုနှစ်၊ ဒီဇင် ဘာ ၉
ရက်(သောကြာနေ့) နေ့ လယ် ၁ နာရီက ဆရာစံပလာဇာ၊
တတိယထပ်၊ ပန်းပု ဥယျာဉ်၌ ရှင်းလင်းခဲ့သည်။ ဗဟိုသမဝါယမ အသင်းလီမိတက်Rainbow
Mall (Sweet Price) Project နှင့် ကောင်းမြန်မာအောင် ကုမ္ပဏီလီမိ တက်တို့
ပူးပေါင်းကျင်းပသော ကမ္ဘာ့အထူးခြားဆုံး ပန်းပုပြပွဲကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ
၁၅ ရက်နေ့ မှစတင်ကာ ၁၀ ရက်ဆက်တိုက် အဆောင် (A) နှင့် (A) ၌ မနက် ၉ နာရီမှ ည
၉ နာရီအထိ ကျင်းပ သွားမည်ဖြစ်သည်။
"နာဂစ်မုန်တိုင်း တိုက်လို့ အထိခံရတဲ့
သစ်ပင်ကြီးတွေ၊ အချို့ ဆိုရင် သက်တမ်း ၂၀ဝ ကျော် လောက်ရှိတယ်။ ညောင်ပင်၊
ကို ကိုး၊ မဟော်ဂနီလိုအပင်တွေအများ ဆုံးပါတယ်။ ဒါတွေကို ဘာမှ မလုပ်ဘဲထားရင်
ဆွေးမြေ့ပျက်စီး သွားမှာပါ" ဟု အထွေထွေ မန်နေ ဂျာ ဦးကိုကိုက ပြောသည်။ ယခု
ပြသမည့် ပွဲသည် အရှေ့တောင် အာရှနိုင်ငံများတွင် ပြသခဲ့သည့်
ပန်းပုပြပွဲနှင့်မတူကြောင်း၊ လွန်စွာ ထူးခြားကြောင်း၊ အမြင့် ၂၂ ပေရှိတဲ့
သစ်ပင်ကြီးများကို ထုဆစ်ထား သော ခြင်္သေ့မိသားစု၊ ၁၆ ပေ အမြင့်ရှိသော
မြင်းမိသားစု အစ ရှိသလို မြေညီထပ်မှာလည်း တော ဓလေ့ဆန်ဆန် အနုပညာ ရှေး
လက်ရာများကိုပြသထားကြောင်း၊ ပထမထပ်မှာ တစ်ခေတ်နှင့်တစ် ခေတ် ပေါင်းပြီး
ဗုဒ္ဓရုပ်ပွားတော် ရုပ်တုများပြသထားကြောင်း၊ဒုတိယ ထပ်မှာ အရှေ့တိုင်း/အနောက်
တိုင်း ပညာတွေ ပေါင်းစပ်ပြီး ထုဆစ်ထားကြောင်း၊ တတိယထပ် မှာ အနုပညာရိုးရာ
ဓလေ့၊ မြန်မာ ဓလေ့အကြောင်းကို ပန်းချီပုံ၊ ဓာတ်ပုံ၊ ပန်းပုပုံတွေကိုလည်း
ပြိုင် ပွဲဝင်ဖို့ ပြသထားကြောင်း အချိန် ကာလ တစ်လလောက် အချိန်ပေး ၍
ထုဆစ်ရကြောင်း၊ မော်ဒန်လို မျိုးကျတော့ မြက်ခင်းကွင်းပြင်မှာ
လက်တွေ့ထုလုပ်မည်ဖြစ်ကြောင်း၊ ယနေ့မြို့ပြ ကျောင်းတက်နေသော ကျောင်းသား၊
ကျောင်းသူ လူငယ် များအတွက် ပညာဗဟုသုတ ရရှိ စေကြောင်း ယင်းပုဂ္ဂိုလ်မှ ထပ်မံ
ပြောကြားသည်။ ပြိုင်ပွဲဝင်မည့် လူ ဦးရေ ၆၅ ယောက်ကိုလည်း ပန်း
ဆယ်မျိုးပန်းပုလုပ်ငန်းမှ ဝါရင့် အနု ပညာရှင်များက အကဲဖြတ်ပြီး ပထ မ၊
ဒုတိယ၊ တတိယ ရွေးချယ်သွား မည်ဖြစ်ကြောင်း၊ ပထမဆု သိန်း ၂၀၊ ဒုတိယဆု ၁၅
သိန်း၊ တတိယ ဆု ၁၀ သိန်းအပြင် ရွှေ ငါးမူးသား ကိုပါ ထည့်သွင်းပေးသွားမည်ဖြစ်
ကြောင်း၊ နှစ်သိမ့်ဆုအနေဖြင့် ၁ သိန်းချီးမြှင့်မည်ဖြစ်ကြောင်း၊ ယခင် ၂၀ဝ၉
ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၀ က တစ်ကြိမ်ကျင်းပခဲ့ရာ ယခုတတိယ
မြောက်ကျင်းပခြင်းဖြစ်သည်။
"ဒီပန်းပုရုပ်တုတွေကို မြန်မာ ကျပ်ငွေနဲ့
ဝယ်ယူနိုင်သလို ဒေါ်လာ နဲ့လည်းဝယ်ယူလို့ရပါတယ်။အနိမ့် ဈေး
သောင်းဂဏန်းလောက်ကနေ အမြင့်ဆုံးသိန်းရာချီရှိပြီး ဒေါ်လာ နဲ့ဆိုရင်
သောင်းဂဏန်းရှိပါတယ်။ အရွယ်အစား၊ လက်ရာတွေတော့ ကွာတာပေါ့။ ပုံစံတူ
ထုဆစ်လို့ လည်း ရပါတယ်။ ဒါပေမယ့် ၂၀ဝ ကျော် သက်တမ်းရှိတဲ့ သစ်ပင်ကြီး ကို
ထုဆစ်ထားတဲ့ စားပွဲဝိုင်းကြီး ကိုတော့ မရောင်းပါဘူး။ ဒါဟာ မြန်မာ့
အနုပညာအမွေနှစ်အဖြစ် ဆက်လက်ပြသထားဖို့ပါ"ဟု ဦး ကိုကိုကပြောသည်။

Comments