အကယ်ဒမီ ထွန်းအိန္ဒြာဗိုရဲ့ ဘဝ စာမျက်နှာကို ဖွင့်ဖတ်ခြင်း
ရင့်ကျက် ပြောင်းလဲ လာတဲ့ အရွယ် တွေရဲ့
သဘောအရ စိတ်တွေက ပြောင်းလဲလာ ကြသလို ဘဝကိုလည်း လိုသလို ပုံသွင်း ယူလာ
ကြပြီဖြစ်သည်။ ဖြတ်သန်းခဲ့တဲ့လမ်း ကြမ်းတမ်း မှုတွေလည်း ရှိမည်။
နူးညံ့မှုတွေလည်း ရှိလိမ့်မည်။
အတက်၊ အကျ၊ အကွေ့ အကောက် တွေကြား လျှောက်လှမ်း သွားခဲ့သော ခြေလှမ်းများမှာ
ဒဏ်ရာ တွေလည်း ရှိနေမှာ ဖြစ်ပြီး အနုပညာ လောကရဲ့ ခါးသည်းမှုတွေနဲ့
ချိုမြိန်ခြင်းဆိုတဲ့ အသီးအပွင့် တွေကို လည်း စားခဲ့ကြပြီးပြီ၊
လောကဓံတရားရဲ့ စိန်ခေါ်မှုတွေကြား၊ တွေ့ကြုံ ခံစားမှုများ ရဲ့ဒဏ် ကြံ့ကြံ့ခံကာ
ရယူလာသော ဘဝ တစ်ခုမှာ အောင် မြင်ကျော်ကြား မှုဆိုတာ ကိုလည်း
ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား အား
ပြိုင်မှုများနဲ့ ခရီးဆက်ခဲ့တဲ့ ဘဝ အတွက် ရည်ရွယ် ချက်တွေပြည့် ခဲ့ပြီဆိုရင်
မပြီးဆုံး သေးတဲ့ သံသရာ ခရီးတစ်ဝက် ရှေ့ဆက်မယ့် ခံယူချက်တွေထဲမှာ
ဘယ်လိုပြင်ဆင် ထားတယ် ဆိုတာ အကယ်ဒမီ ထွန်းအိန္ဒြာဗို ဆီမှာ အဖြေရှာ
ကြည့်တဲ့အခါ. . . .
>>>>အသက်အရွယ်အရ ပုံဖော်လာတဲ့ သရုပ်ဆောင်ဘဝ
>>>“ခုချိန်မှာကိုယ်ဟာ ဇာတ်ရုပ်၊
ဇာတ်ကောင်တွေအပေါ်မှာ လိုက်ဖက်စွာ ရွေးချယ် မှုကို အဓိကထားလာပြီ။ ငါဟာ
အသက်အရွယ် အရ အနုပညာကပြောင်းလာတာဆိုပေမယ့် ကိုယ အသက်အရွယ်နဲ့
သင့်တော်မယ့်အနုပညာမျိုးကိုပဲ ပရိသတ်ကိုပေးချင်တယ်။ ကိုယ့်ရဲ့ image
ကိုထိန်း တယ်။ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ တကယ်စိတ် ဝင်စားတာမျိုးကိုပဲ
ရွေးချယ်တယ်။ အသက် (၁၆) နှစ်အရွယ်ဇာတ်ရုပ်မျိုးကို
ခုချိန်မှာလုပ်ပြချင်လို့ မရ တော့ဘူး။ ကိုယ်လုပ်နိုင်တဲ့
သရုပ်ဆောင်နိုင်တဲ့ ဇာတ်ကောင်မျိုးလည်းဖြစ်ရမယ်၊ ကာရိုက်တာအရ ပြောစရာမရှိ
ပေမယ့် ဇာတ်ရုပ်အနေနဲ့ကတော့ အရွယ် က စကားပြော လာပြီ။ ကိုယ်ရွေးချယ်ခဲ့တဲ့
ဘဝ တစ်ခုရဲ့ အပေါ်မှာတော့ အမြဲတမ်း အကောင်းဆုံး ဖြစ်အောင် ထိန်းထား ခဲ့တယ်။
စိတ်မပါရင်တော့ လုပ်မှာမဟုတ်ဘူး။ ကိုယ်စိတ်ပါဝင်စားစွာ လုပ်နေ သမျှ
ကိုယ့်ရဲ့ Image ကိုသူ့ဟာသူ ပုံဖော်သွား လိမ့်မယ်။ အနုပညာအလုပ်ဆိုတာ
စိတ်ကို အဓိက ထာပြီးလုပ်ရတာပါ။
>>>>အနုပညာအလုပ်များ နားမနားဆိုတဲ့စကား
>>>>ဘဝမှာ ဒါလုပ်မှရမယ်၊
ဒါမလုပ်ရင် မရဘူးဆိုတဲ့ အနေအထားမျိုးလည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့
ဖြစ်လာခဲ့တဲ့ဘဝကို ကိုယ်တိုင်ပဲ အဆုံးအဖြတ်ပေးချင်တယ်။ အနုပညာအလုပ်တွေ
နားမယ်ဆို နားလို့ရပါပြီလို့ ပြောခဲ့ဖူးပါတယ်။ ဒီလို ပြောခဲ့တာကလည်း
ဒီအနုပညာအလုပ်ကို နားမယ် ဆိုလည်းနားလို့ရပါပြီ။ မနားချင်ရင်လည်း ဆက်
လုပ်လို့ရတယ်လို့ပြောတာ၊ ကိုယ့်အနေနဲ့သရုပ်ဆောင် အလုပ်ပဲဖြစ်ဖြစ်
သီချင်းဆိုတာပဲဖြစ်ဖြစ် မဖြစ်မနေ
ဆက်လုပ်ရမယ်ဆိုတာမျိုးတော့မဟုတ်ဘူး။မိသားစု
တစ်စုကိုပိုင်ဆိုင်ထားပြီဖြစ်တဲ့ ကိုယ့်အနေနဲ့ မိသားစု နဲ့
အချိန်ပြည့်နေချင်တယ်။သားရဲ့အနာဂတ်ကိုအချိန် တွေပေးပြီးလုပ်ပေးချင်တယ်။
မိခင်တစ်ယောက် အနေနဲ့ရော အိမ်ရှင်မတစ်ယောက်အနေနဲ့ပါ ဘဝကို ဖြတ်သန်းချင်တယ်။
ကိုယ်နေမယ်ဆိုလည်း နေလို့ရ တယ်။ နားမယ်ဆိုလည်း နားလို့ရပြီဆိုတာမျိုးပေါ့။
>>>>လက်ရှိအနေအထာအရာ ကျေနုပ်ပါပြီ ဆိုတဲ့ ဘဝ
>>>>ဘဝမှာဖြစ်ချင်တာနဲ့
ဖြစ်သင့် တာကို ပြန်ပြီးညီမျှခြင်းချကြည့်ရင် ကိုယ်ဖြစ်ချင် တာကို
နားမလည်ဘဲ ဇွတ်လုပ်ခဲ့တာမျိုးလည်းရှိခဲ့ တယ်။ ကိုယ်ဒီလောက စဝင်လာတုန်းကတော့
ဖြစ် ချင်တဲ့စိတ်တွေ များနေတယ်။ ဖြစ်အောင်လည်း လုပ် ခဲ့တယ်။
ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်လာတာနဲ့ လွဲတာမျိုး လည်းရှိတာပေါ့။
ကိုယ်ဘာတွေလုပ်ခဲ့လဲ ဘာတွေ ဖြစ်ခဲ့ရခဲ့လဲ၊ အနုပညာလောကရဲ့ ပေးလာတဲ့ Result
တစ်ခုနဲ့ကျေနပ်ခဲ့တယ်။ ကိုယ့်အသက် အရွယ်နဲ့ ပြန်ကြည့်ရင် ဖြစ်ခဲ့တာတွေကို
ကျေနပ်ပါ တယ်။ အရာရာပြီးပြည့်စုံတာမျိုးမဟုတ်တာတောင်
ကျေနပ်မှုတော့ရှိခဲ့ပါတယ်။ အဲဒီ ကျေနပ်မှုတွေက မိသားစုအတွက်ရော
ကိုယ့်အနုပညာအတွက်ရော ပရိသတ်အတွက်ရောပေါ့။ ကိုယ်ဖြစ်ချင်တာတွေ
ပြီးရင်ဖြစ်သင့်တာဖက်မှာ နည်းနည်းလေးလိုနေတာ က ဘာသာရေး အလုပ်ပါ။
ဒီထက်ပိုပြီး လုပ်သင့် တယ်လို့ထင်တယ်။ လုပ်ဖြစ်တာပဲရှိတယ်။ လုပ်သင့် သလောက်
မလုပ်ဖြစ်သေးပါဘူး။ ကိုယ့်ဘက်က လိုအပ်ချက်ဖြစ်နေတဲ့အချိန်တွေကို
ဖြည့်စွက်ခဲ့တာ မျိုးလည်းရှိတယ်။ အနုပညာ အလုပ်တစ်ခုထဲနဲ့တော့ ဘဝက
ဒီအတိုင်းပြီးသွားလို့မရဘူးလေ။ ကိုယ့်မှာ လိုနေတာတွေရှိရင်ရှာရမယ်၊
လုပ်သင့်တာတွေရှိရင် လုပ်ရမှာပဲလေ။ လက်ရှိအခြေအနေပေါ်မှာ ကျေနပ် တယ်ဆိုတာထက်
ကျေနပ်အောင် နေတယ်ဆိုတဲ့ စိတ်ကြောင့်ပါ။
>>>>ဆယ်စုနှစ်တွေမှာ အောင်မြင်စွာ ဖြတ်သန်းခြင်းဆိုတာ
>>>>အနုပညာရှင်တစ်
ယောက်အနေနဲ့ ဖြတ်သန်းခဲ့တဲ့အပေါ်မှာရိုးသားစွာပဲရပ်တည်ခဲ့တယ်။ အလုပ်အပေါ်မှာ
ဝါသနာနဲ့ စေတနာပေါင်းခဲ့တယ်။ အနုပညာရှင်ဆိုတာ ခေတ်ကိုလည်း မျက်ခြေပြတ် လို့
မရသလို ပရိသတ်အကြိုက်ကိုလည်း ရှာဖွေတတ် ဖို့လိုတယ်။
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပရိသတ်ဆို တာ လူတန်းစားအမျိုးမျိုးနဲ့
အသက်အရွယ်အမျိုး မျိုးရှိကြတယ်။ ကိုယ့်အနုပညာ အရ ချပြတာကို
ကောင်းလိုက်တာလို့ မမြင်ရင် မပြောရင်တောင် ညံ့တယ်လို့တော့ မဖြစ်စေချင်ဘူး။
အနုပညာနဲ့ဝမ်းစာ ကောင်းဖို့ဆိုတာ လေ့လာမှုရှိမှာပါ။ ဒီလောက်နဲ့ ပြီးသွားပြီ
ဆိုတာမျိုးလည်း မဖြစ်စေချင်ဘူး။ အဆုံး မရှိတဲ့ အနုပညာရဲ့အပေါ်မှာ
လေ့လာမှုဆိုတာ ဘယ် တော့မှ မပြီးဆုံးဘူး။ ပရိသတ်တောင်းဆိုတာကို
မလိုက်လျောပေးနိုင်ရင်တောင် အနီးစပ်ဆုံးတော့ ကိုယ့်ဘက်ကပေးနိုင်ရမယ်။
ဈေးကွက်အရ မျက် ခြေမပြတ်မှလည်းဖြစ်မှာ။ ကျွန်မ ပရိသတ်ဆီမှာ
အမြဲထားခဲ့ချင်တာ အနုပညာပါ။ ဘယ်အချိန် ဘယ်နေရာရောက်ရောက် ပရိသတ်အသိ အမှတ်
ပြုတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ရင် ကျေနပ် တယ်။
>>>> ပရိတ်အပေါ်တွင် အကြွေးတင်နေသေးတဲ့ အနုပညာရှင်
>>>>အနုပညာအလုပ်တွေအပြင် ဘာ
သာရေးလုပ်ချင်တဲ့စိတ်လည်းအမြဲရှိတယ်။ အချိန် ပေးရဦမယ်။
မိသားစုတာဝန်လည်းရှိတယ်။ အနု ပညာမလုပ်တော့ဘူးဆိုရင် ပရိသတ်ကကြာရင်
မေ့သွားမှာ ပဲဆိုပြီး နေလို့လည်းမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်မကိုအားပေးခဲ့တဲ့ ပရိ သတ်အတွက် တာဝန်တွေ ကျန်သေးတယ်။
အောင်မြင်မှုဆိုတာကို ပရိသတ်ကပေးခဲ့တာပါ။ သူတို့ ကျေးဇူးတွေ
ကျွန်မမှာရှိနေတယ်။ ဒီအတွက် အနုပညာမလုပ်ဖြစ်ရင်တောင် အလှူဒါန၊
ပရဟိတတစ်ခုခုကို ပရိသတ်အတွက်ပေးဆပ် ချင်တယ်။ ကိုယ်နိုင်သလောက်လုပ်ချင်တယ်၊
ကိုယ်အနု ပညာမလုပ် တော့လို့ ပရိသတ်နဲ့ ကိုယ် မဆိုင်တော့ဘူးဆိုတာမျိုးလည်း
မဖြစ်စေရဘူး။ ပရိသတ်အပေါ်မှာ ကျေးဇူးတရားဆိုတာ ရှိနေ တယ်။ ရယူပြီးရင်
ပြန်လည်ပေးဆပ်ခြင်းဆိုတာ ရှိပါတယ်။
first news journal

Comments