ခုံးကျော်တံတားများတည်ဆောက်ရန် တိုင်းတာရေးလုပ်ငန်းများစတင်
လှည်းတန်း၊ ရွှေဂုံတိုင်နှင့် တာမွေ
ငါးလမ်းဆုံမီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် အတွက်
မြေပြင် အခြေအနေ တိုင်းတာရေးလုပ်ငန်းများကို ဆောက်လုပ်မည့်ကုမ္ပဏီများမှ
စတင်ပြု လုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည် ပင်သာယာရေးကော်မတီ၊
လမ်းနှင့် တံတားဌာနမှ သိရှိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေး
ပိတ်ဆို့မှုများသော လမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက်ရန်အတွက်
ပြုလုပ်ခဲ့ပြီး ကုမ္ပဏီများကိုတာဝန်ယူကာ တည်ဆောက်စေမည်ဖြစ်ကာ
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်ညွှန်ကြားမှုများ
ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“အခု လှည်းတန်း၊ ရွှေဂုံတိုင်နဲ့
တာမွေငါးလမ်းဆုံ မီးပွိုင့်တို့မှာ ဆောက်မယ့်ကုမ္ပဏီတွေကတိုင်းတာ
ရေးတွေစလုပ်နေပါပြီ။ အရင်က စည်ပင်က တိုင်းထားတာ ရှိတယ်။ ဒါပေမဲ့သူတို့က
တိုင်းတာမှုတွေ ထပ် လုပ်တယ်။ သူတို့ကပဲ ခုံးကျော် တံတားတွေကို အစအဆုံး
ဆောက်သွားမယ်။ ကုမ္ပဏီတွေက ဘဏ်က ချေးငွေယူပြီး ဒါမှမဟုတ် ကိုယ်တိုင်
စိုက်ထုတ်ပြီးဆောက်ရမှာဖြစ်တယ်။ မြို့တော်စည်ပင်ကတော့ ကြီးကြပ်
ညွှန်ကြားမှုတွေပဲ လုပ်သွားမယ်။ လေးလအတွင်း အပြီးဆောက်ရမှာ
ဖြစ်လို့နည်းနည်းတော့ သွက်သွက်လုပ်ရမယ့် သဘောရှိတယ်”ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောပြခဲ့သည်။

Comments