သတင်းများ မှားကြောင်းပြောကြားခဲ့တဲ့ ဦးတေဇ
ခင်ဗျားတို့ရတဲ့သတင်းတွေမှာ မှားနေတာတွေရှိတယ်လို့  ဦးတေဇ မှ ဖြေကြား
တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန်စီစဉ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇက နိုဝင် ဘာ ၃၀ ရက်တွင် ယင်း၏ နေအိမ်သို့သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။" ဦးတေဇက ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၃၀ ရက်ညနေ ၃ နာရီခွဲကနေ ၄ နာရီခွဲအ ထိလာရောက် တွေ့ဆုံသွားပါတယ်" ဟု အမျိုးသးဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦး အုန်းကြိုင်က ရန်ကုန်တိုင်းမ် ဂျာနယ်သို့ နိုဝင်ဘာ ၃၀ ရက်ည ၈ နာရီတွင် အတည်ပြုပြောသည်။
" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ ဦးတေဇက ကူညီပေးဖူးတာရှိပါတယ်။ ညောင် လေးပင်မှာ အင်န်အယ်လ်ဒီရွေးကောက်ပွဲဝင်တုန်းကလဲ သူကူညီပေးဖူးပါတယ်" ဟု ဦးအုန်းကြိုင်က အတည်ပြု ပြောသည်။
၂၀၁၁ ခုနှစ် မတ်လကဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့်ကိုယ်တိုင် ရေးမှတ်တမ်းစာအုပ်တွင် ရဟတ်ယာဉ်ပျက်ကျပြီး နောက်ပိုင်းမိမိဘ၀တစ်လျှောက်တွင် မြန်မာနိုင်ငံအတွက် တန်ဖိုးရှိသည့်လူတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်သွားပြီး တိုင်းပြည်နှင့်လူမျိုးအတွက် လိုအပ်ပါက အသက် ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားရန် အသင့်ရှိပါကြောင်း ဖော်ပြထားသည်။
အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ဦးတေဇအား ရန်ကုန်တိုင်းမ်ဂျာနယ်မှ တိုက်ရိုက်ဆက်သွယ် မေးမြန်းရာ " ခင်ဗျားတို့ရတဲ့သတင်းတွေမှာ မှားနေတာတွေရှိတယ်" ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
The Yangon Times
Myanmar News Now


Comments