ဘယ်အဆင့်ဆိုတာ ပရိတ်သတ်က ဆုံးဖြတ်ပေးလိမ့်မယ်ဆိုတဲ့ အေသင်ချိုဆွေ

ဇန်နဝါရီ(၄)ရက်နေ့ (လွတ်လပ်ရေး)နေ့မှာ အနီး ဆုံးလူ ....နမ်းမှာလား ဆိုတဲ့ တစ်ကိုယ်တော်စီးရီးခွေကို ပရိသတ်ကြားမှာ ဖြန့်ချိဖို့ ပြင်ဆင်နေတဲ့ အေသင်ချိုဆွေနဲ့ လတ်တလောတွေ့ခိုက်- အေသင်အခု အခွေလုပ်နေတော့ ပွဲတွေရော ကား ရိုက်ရောခဏနားပြီး ဒီဘက်ကို လုံးပမ်းနေတာပါ။ ကားရိုက် လေးတွေလည်း ဖြတ်ပေးဖို့ ရှိပါတယ် လို့သူမရဲ့လတ်တ လောအကြောင်းတွေ ပြောသွားတဲ့ အေသင်က ဒီအနုပညာ လောကထဲ စရောက်ခဲ့ပုံနဲ့ မင်းသမီး ဖြစ်လာပုံကို မေးရာ-
အေသင်က အနုပညာလောကကို ဂီတနဲ့ စရောက်တာပါ။ဦးနောင်နောင် (Sun Flower) ဆီမှာ အသံစမ်းပေးပြီးစခဲ့တာ။ ဦးနောင်နောင်က အေသင့်ဆရာ ပါပဲ။ သူလမ်းပြပေးခဲ့လို့ ဒီလောကထဲ ရောက်လာတာပါ။ ဒုတိယဆရာက ကိုဩရသပါ။ သူလည်းတိုင်တိုင်ပင်ပင်နဲ့ သင်ပေးခဲ့တယ်။ သရုပ်ဆောင်ဘက်မှာလည်း အေသင် သင်တန်းတွေ အများကြီးတက်ခဲ့ဖူးတယ်။ ပထမဆုံးတက် တာက ဒါရိုက်တာဦးတင်သန်းဦး သင်တန်းရယ်၊ ရုပ်ရှင် အစည်းအရုံးက သင်တန်းတစ်ခုထပ်တက်ခဲ့တယ်။
အေသင့် ကိုယ်အေသင် သင်တန်းတွေဘယ်လောက်တက်ခဲ့တက်ခဲ့ အနုပညာဝမ်းစာပြည့်တယ်လို့ မသတ်မှတ်ပါဘူး။ အဓိက အလုပ်က သင်သွားတာပါပဲ။ ဒီအလုပ်ကလည်း ပါရမီပါမှ ရမှာလေ။ အေသင်ကတကယ်တော့ အဆိုတော်ပဲ ဖြစ်ချင် တာပါ။ ဒါပေမယ့်မေမေ့ရဲ့ တိုက်တွန်းမှုနဲ့ပဲ သရုပ်ဆောင်လုပ် ဖြစ်တယ်။ ပထမတော့ ကိုယ်ဖြစ်ချင်တာ အဆိုတော် သီချင်း တွေပဲဆိုချင်နေတာဆိုတော့ အခက်အခဲလေးတွေရှိတယ်။ နောက်တော့ အလုပ်လုပ်ရင်း ရိုက်ကွင်းမှာပျော်လာတယ်။
ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင် တာပါပဲ။ အခုပြောနေတဲ့ မင်းသမီးရှားတယ်၊ မရှားဘူးဆို တာထက် အေသင်က ဂီတဘက်ကိုပဲ ပိုစိတ်ဝင်စားပါတယ်။ ကျန်တာသိပ်တော့ မပြောတတ်ပါဘူး။ အေသင်အမြဲ အလုပ် ကို အာရုံစူးစိုက်ပြီးလုပ်တယ်။ ဒါပေမယ့် အေသင်ဘယ် လောက်ထိတတ်လဲ၊ က အဆင့်ပဲလား၊ ခ အဆင့်ပဲလား အဲဒါတွေတော့မသိဘူး။
အေသင်ရိုက်ခဲ့တဲ့ကားတွေ ပရိသတ် ဆီရောက်သွားတဲ့အခါ ဘယ်အဆင့်ရှိတယ်ဆိုတာ ပရိသတ် က အဖြေပေးပါလိမ့်မယ်။ အေသင်အဲဒါတွေကိုလည်း မမက် မောပါဘူး လို့ဆိုသွားပါတယ်။ အေသင်ကသူ့ရဲ့ တစ်ကိုယ် တော်ခွှေငအူန ကို အနီးဆုံးလူနဲ့ နမ်းမှာလား သီချင်း နှစ်ပုဒ်ကိုပေးထားတာ၊ အဲဒါ အေသင့်ဖေဖေ ရွေးပေးထား တာပါ လို့ဖြေသွားခဲ့ပါတယ်။
ဝါဝါကြည်
Comments