လော်မင်္ဂလာရုပ်ရှင်တွင် နန်းဆုရတီစီုးနဲ့ မယ်လိုဒီတို့ မရိုက်ကူးတော့ ဘူးဟုဆို


မန္တလေး ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး နဲ့ ဇာတ် မင်းသားလေး ဖိုးချစ် တို့အတူ ပေါင်းစည်း ထုတ်လုပ်တဲ့ မြိုင်ရာဇာ တွတ်ပီရဲ့ဇာတ်ကို လော်မင်္ဂလာ အမည်နဲ့ ဒါရိုက်တာ ထွန်းအောင်ဇော်က သန်လျင်ဘက်မှာ သွားရောက်ရိုက်ကူး ခဲ့တာ ပေအတော် ကျသွားပြီလို့ သိရ ပါတယ်။ အဲဒီ ဇာတ်ကားမှာ လူမင်း၊ ဖိုးချစ်၊ နောင်နောင်၊ မယ်လိုဒီ၊ နန်းဆု ရတီစိုးအပါအဝင် ဝါရင့်သရုပ်ဆောင် ပေါင်း များစွာနဲ့ ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

ဇာတ်အရ မယ်လိုဒီနဲ့ နန်းဆုရတီစိုး တို့ဟာ ညီအစ်မများ ဖြစ်ပြီး တစ်နေ့ လူဆိုးများက နန်းဆုတို့ အိမ်ကို ဓားပြ ဝင်တိုက်သည့်အခန်းကို ရိုက်ကူးစဉ် သရုပ်ဆောင် မိုးဒီရဲ့ခေါင်းနဲ့ သမီး အဖြစ် သရုပ်ဆောင်တဲ့ နန်းဆုရဲ့နှုတ် ခမ်းတို့ မတော်တဆ ထိမိသွားပြီး နှုတ် ခမ်းကွဲသွားတဲ့အတွက် (၄)ချက် ချုပ် လိုက်ရတယ်လို့လည်း သိလိုက်ရပါ တယ်။

ရိုက်ကူးဆဲလော်မင်္ဂလာဇာတ် ကားကြီးကို မင်းသမီးအပြောင်းအလဲ တချို့ရှိလာခြင်း၊ အဆိုတော် သရုပ် ဆောင်နန်းဆုရတီစိုးမှ အဆိုပါ ဇာတ် ကားကြီးအား ဆက်လက်မရိုက်ကူး ဖြစ်တော့ကြောင်း သတင်းစကားများ ကြားရတဲ့အတွက် အဆိုတော်သရုပ် ဆောင် နန်းဆုရတီစိုးကို ဆက်သွယ် ပြီး ထွက်ပေါ်လာတဲ့ အဆိုပါသတင်း အပေါ်အတည်ပြုချက်ရယူခဲ့ရာ အဆို တော်သရုပ်ဆောင်နန်းဆုရတီစိုးက-

သမီး ဆက်မရိုက်ဖြစ် တော့တာ သေချာသွားပါပြီ။ ဒါကလည်း ဘာအကြောင်းမှ မဟုတ်ပါဘူး။ဆရာဝန်က သမီးရဲ့နှုတ်ခမ်းရောင်နေ တဲ့အပေါ် သုံးလေးရက် အနားယူရမယ်၊ အဲဒီရက်တွေအတွင်းမှာပဲ ဇာတ်ကား ကိုလည်းသူတို့ကဆက်ရိုက်ချင်တယ်။ အခြေအနေအရ သမီးကလည်း ရိုက်လို့ မဖြစ်ဘူးဖြစ်နေတာကြောင့် ယူထားတဲ့ စရံတစ်ဝက်ကိုပြန်ပေးပြီး လော်မင်္ဂ လာရုပ်ရှင်ကားကြီးကို ဆက်မရိုက်ဖို့ ဖြစ်ခဲ့တာပါ။

အဲဒီကားကြီးမှာ ပါဝင် ရိုက်ကူးမယ့် ညီအစ်မနှစ်ယောက်ဖြစ် သရုပ်ဆောင်ရမယ့် မယ်လိုဒီရော၊ သမီးရော တိုက်တိုက်ဆိုင်ဆိုင် ဒဏ်ရာတွေရ ခြဲ့ကတာလည်း အြံ့သစရာပါ။ မယ်လိုဒီကတော့ မျက်စိကုဖို့ စင်ကာ ပူကိုထွက်သွားရ၊ သမီးကလည်း အဲဒီ ဇာတ်ကားကိုရိုက်ရင်း ဒဏ်ရာရဆို တော့ မယ်လိုဒီနဲ့ သမီးနေရာမှာ ဘယ် မင်းသမီးတွေနဲ့ အစားထိုးမလဲဆိုတာ တော့ သမီးလည်းမသိပါဘူး။

ကားဆက်မရိုက် ဖြစ်တော့တဲ့ သတင်းကတော့ အမှန်ပါပဲလို့ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးက ထွက်လာတဲ့ လော် မင်္ဂလာ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး သတင်းစကားတွေကို အခုလိုအတည် ပြုချက်ပေးခဲ့တာကိုလည်း ကြားသိခဲ့ရ ပါတယ်။

အဆိုပါဇာတ်ကားမှာ လူမင်း က မြိုင်ရာဇာတွတ်ပီ၊ ဖိုးချစ်က ဗိုက် ကလေးအဖြစ်သရုပ်ဆောင်ကြမှာဖြစ်ပြီး မူလသရုပ်ဆောင်များအရ မယ်လိုဒီက နောင်နောင်နဲ့တွဲက နန်းဆုရတီစိုးက ဖိုးချစ်နဲ့ တွဲရမယ့်ဇာတ်ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါသရုပ်ဆောင်များ ပါဝင်ရိုက်ကူးခြင်းမရှိတဲ့အတွက် မည် သည့်အမျိုးသမီးသရုပ်ဆောင်များ အစားထိုးရိုက်ကူးမည်ကို မသိရသေး ကြောင်း အချို့သတင်းများအဆိုအရ မင်းသား(၅)ယောက်တင်တဲ့မင်းသမီးသစ်(၃)ယောက်ထဲမှဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းနေကြကြောင်းကို သတင်းရပ်ကွက်မှကြားသိရပါတယ်။

Comments

Popular Posts