သွေးတိုးကျစေနိုင်သော တိုင်းရင်းဆေးတစ်လက်

စာရေးသူဟာ နှစ်ပေါင်း ၂၅ နှစ်ကျော် လက်တွေ့ ကုသနေတဲ့ တိုင်းရင်း ဆေး ပညာရှင် တစ်ဦး ဖြစ်ပါ တယ်။ ကုသရင်းနဲ့ပဲ အများ ပြည်သူ သုံးစွဲသင့်တဲ့ တိုင်းရင်း ဆေးဝါးတွေကို မှတ်ပုံတင်၊ လိုင်စင်လျှောက်ထားပြီး ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ မြန်မာ့ တိုင်းရင်း ဆေးဝါးတွေရဲ့ ခိုင်မာ တဲ့ သမိုင်းကြောင်း အစဉ်အလာ၊ ထိရောက်ထက်မြက်တဲ့ အာနိသင်၊ ဈေးနှုန်းချိုသာမှုနဲ့ လူတိုင်း အလွယ် တကူ ဝယ်ယူသုံးစွဲနိုင်မှုတွေကြောင့် တိုင်းရင်း ဆေးဝါး ဈေးကွက်ဟာ တစ် နေ့တခြား ပိုမိုကျယ်ပြန့်လာပြီဖြစ် ပါတယ်။

ဒီအတွက် အများ ကျန်းမာ ရေးသုခရသလို စာရေးသူလည်း တိုင်းရင်းဆေးဝါး ထုတ်လုပ် ရောင်း ချရာက ရတဲ့အမြတ်ငွေရဲ့ လေးပုံ တစ်ပုံကို ဘုရားတည်၊ ကျောင်း ဆောက်စတဲ့ ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေးလုပ်ငန်းတွေနဲ့ အများအကျိုးပြုလုပ်ငန်းတွေမှာ ပါ ဝင်လှူဒါန်းကုသိုလ်ပြုနိုင်ခဲ့ပါတယ်။ စာရေးသူဟာ နှစ်ပေါင်း ၂၅ နှစ်ကျော် လက်တွေ့ကုသခဲ့တဲ့ တိုင်း ရင်းဆေးကုထုံးတွေထဲက တချို့ကို မဂ္ဂဇင်း၊ ဂျာနယ်စာမျက်နှာတွေပေါ်က တစ်ဆင့် ရေးသားတင်ပြခဲ့ဖူးပါတယ်။

အခုလည်းပဲ ဒီနေ့ခေတ်မှာ အဖြစ် များလာတဲ့ သွေးတိုးရောဂါနဲ့ ပတ် သက်လို့ စာရေးသူရဲ့ သမားစဉ်သွေး တိုးကျစေနိုင်တဲ့ ဆေးတစ်လက်ကို တင်ပြလိုက်ရတာပါ။ သွေးတိုးကျဆေး အများစုထဲကမှ စာရေးသူကိုယ်တိုင် ဖော်စပ်သုံးစွဲပြီး ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ ဆေးဖြစ်တဲ့အတွက် ပြည် သူလူထုအကျိုးကို ရည်မျှော်ပြီး သွေး တိုးဆိုင်ရာ ကုထုံးဆေးနည်းလေး တစ်ခုကို ရေးသားလိုက်ရတာဖြစ်ပါ တယ်။

သွေးတိုးရောဂါဟာ မျက်မှောက် ခေတ်မှာ ကမ္ဘာနဲ့ချီပြီး အဖြစ်များလာ တဲ့ ရောဂါတစ်ခုဖြစ်သလို Silent Killer ဆိုတဲ့အသံတိတ်လူသတ်သမား လို့ တင်စားပြောဆိုကြတဲ့အထိ ဂရုပြု နေကြရပါပြီ။ သွေးတိုးရောဂါဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်း တရားလေးပါးနဲ့ ဆက်စပ်ဖြစ်ပေါ်နေ တဲ့အတွက် အခုတင်ပြတဲ့ သမုဌာန် လေးပါး ညီညွတ်မျှတအောင် အစဉ် အမြဲ ဂရုပြုနေကြရမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် အရွယ်ရောက်ပြီးတဲ့သူ တစ်ယောက်ရဲ့ အပေါ်သွေးနဲ့အောက် သွေး (အရပ်အခေါ်) ဟာ အပေါ်သွေး ၁၁၀ mmHg မှ ၁၂၀ mmHg ၊ အောက်သွေး ၇၀ mmHg မှ ၈၀ mmHg ရှိနေရင် ယေဘုယျအားဖြင့် သွေးတိုး မရှိဘူးလို့ဆိုနိုင်ပါတယ်။

ဒါပေမယ့် Systolic Blood Pressure အပေါ်သွေး ၁၄၀ mmHg အထက်၊ Diastolic Blood Pressure အောက်သွေး ၉၀ mmHg အထက်ရှိနေရင် သွေးတိုးရှိသူ လို့ဆိုနိုင်ပါတယ်။ အသက်အရွယ်၊ အပိန်အဝနဲ့ ကျန်းမာရေးကလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။ အခုလို အပေါ်သွေး၊ အောက် သွေးတွေ သာမန်ထက်ပိုတက်နေပြီး သွေးတိုးရောဂါရှိနေရင် သွေးတိုးကို ဖြည်းညင်းစွာ ကျစေနိုင်တဲ့ ဆေးဝါး ကောင်းတစ်လက်ကို ဖော်ပြလိုပါ တယ်။ ဆေးဖုံ Formulation မှာ ပါဝင်တဲ့ ဆေးပစ္စည်းတွေကို ဦးစွာ တင်ပြလိုပါတယ်။ ဆေးမည်တွေက လည်း ခက်ခက်ခဲခဲမဟုတ်ပါဘူး။ ဒါပေမယ့် ပစ္စည်းစစ်မှန်ဖို့၊ သန့်ရှင်း လတ်ဆတ်ဖို့နဲ့ ဖော်စပ်ရာမှာ စနစ် ကျဖို့ အထူးအရေးကြီးပါတယ်။

သွေး တိုးကျစေတဲ့ဆေးမှာ-
- ကြက်သွန်ဖြူ ၁ ကျပ်သား
- ဘုမ္မရာဇာ ၂ ကျပ်သား
- ဆူးပန်းပွင့် ၃ ကျပ်သား
- နံ့သာနီ ၄ ကျပ်သား
- မဏိဩဃ ၅ ကျပ်သား
- သက်ရင်းကြီး ၆ ကျပ်သား
- ဧကရာဇ်မြစ် ၇ ကျပ်သား
- ပဲနံ့သာစေ့ ၈ ကျပ်သား
- ခံတက်ခေါက် ၉ ကျပ်သား
- ဒန့်သလွန်ခေါက် ၁၀ ကျပ်သား တို့ပဲ ဖြစ်ပါတယ်။

စာရေးသူက အခုဖော်ပြတဲ့ ကုထုံးပါ ဆေးနည်းကို သိပ်သဘော ကျပါတယ်။ ဆေးဖုံမှာ ပါဝင်တဲ့ ဆေး ပစ္စည်းတွေဟာ တစ်မျိုးပြီးတစ်မျိုး တစ်ကျပ်သားစီ ပိုကဲသွားတဲ့အပြင် တန်ဖိုးအလွန်ကြီးပြီး ဝယ်ယူဖို့ခက်ခဲ တဲ့ ဆေးပစ္စည်းတွေ မပါလို့ပါပဲ။ ရှေး ဆေးကျမ်းတွေမှာ အခုလိုဆေးမျိုးကို ကျပ်တိုးဆေး၊ ကျပ်ကဲဆေးလို့ ခေါ် ဝေါ်လေ့ရှိပါတယ်။ အခုတင်ပြတဲ့ ဆေးပစ္စည်းတွေကို အစစ်အမှန်ရဖို့၊ သန့်ရှင်းလတ်ဆတ်ဖို့၊ မှို၊ ဖုံ၊ ခဲ၊ သဲ ကင်းစင်ဖို့၊ ကုန်ကြမ်းအရည် အသွေး ပြည့်မီဖို့ အထူးအာရုံစိုက်ရပါမယ်။ ဖော်စပ်ပုံကတော့ အရည်အသွေး စစ် မှန်ကောင်းမွန်တဲ့ ကုန်ကြမ်း ပရဆေး ပစ္စည်းတွေကို တိတိကျကျ ချိန်တွယ် ပြီး ဆေးမှုန့်ကြိတ်စက်မှာ စနစ်တကျ အမှုန့်ကြိတ်ဖို့လိုပါမယ်။ ပြီးရင် ဆေး ပြားရိုက်စက်နဲ့ ဆေးပြားများ ပြုလုပ် နိုင်ပါတယ်။ ဆေးမှုန့်အတိုင်း သုံး ချင်ရင် လူကြီးတစ်ခါသောက် လက် ဖက်ရည်ဇွန်းတစ်ဇွန်းစာကို မနက်၊ ည တစ်နေ့ ၂ ကြိမ်သောက်သုံးနိုင်ပါ တယ်။

သွေးတိုးမြင့်နေရင် တစ်နေ့ ၄ ကြိမ်အထိ သောက်နိုင်ပါတယ်။ ဆေးပြားဆိုရင် လူကြီးတစ်ခါသောက် ဆေးပြား ၄ ပြားကို မနက်၊ ည တစ်နေ့ ၂ ကြိမ် သောက်သုံးနိုင်ပါ တယ်။ သွေးတိုးမြင့်နေရင် ခုနကလိုပဲ တစ်နေ့ ၄ ကြိမ်အထိ သောက်နိုင်ပါ တယ်။ သွေးတိုးသာမက ရောဂါတိုင်း မှာ ဆောင်ရွက်ရမယ့် အချက်တွေ၊ ရှောင်ကြဉ်ရမယ့်အချက်တွေရှိပါတယ်။ အရေးကြီးတာက အများသိနေကြတဲ့ အတက်စာတွေ၊ အငန်အရသာ လွန်ကဲတဲ့ အစားအစာတွေ၊ အဆီ၊ အချို၊ အအိမ့်တွေ၊ ကြေခဲတဲ့ အစာ တွေ၊ မှို၊ မျှစ်၊ အင်ဥ၊ တွင်းအောင်း သား၊ ငါးသလောက် စတာတွေ ရှောင်သင့်ပါတယ်။ အခုဆေးဟာ သွေးတိုးကို ထိန်းညှိပေးရုံတင်မကဘဲ မူးဝေတာ၊ ဇက်ကြောတက်တာ၊ အကြောတက်တာ၊ ညောင်းညာတာ တွေလည်း သက်သာစေနိုင်ပါတယ်။ မှတ်ဥာဏ်စွမ်းရည်လည်း တိုးတက်စေ နိုင်ပြီး နှလုံးထိခိုက်ခံရမှု နည်းပါးစေ တာကြောင့် အရေးကြုံရင် သုံးစွဲနိုင် အောင် စေတနာကောင်းနဲ့ တင်ပြ လိုက်ရတာ ဖြစ်ပါတယ်။

ဦးကြည်လင်း (စိန်ဘယက်)

Comments

Popular Posts