ဘယ်လိုဇာတ်ရုပ်ပဲံဖြစ်ဖြစ် သရုပ်ဆောင်ကောင်းရင်ဆုရသင့်တယ်လို့ ဆိုလာတဲ့ ထွန်းအိန္ဒြာဗို


အနုပညာပျိုးခင်း စာနယ်ဇင်း ရှင်းလင်းပွဲကို လာရောက် အားပေးခဲ့တဲ့ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) တို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံခိုက်- ဒီပွဲလေးကတော့ အစ်မက အားပေးတဲ့သူ တစ်ယောက်အနေနဲ့ လာတာပါ။ အခုအစ်မ ကားရိုက်နေ တာက ဒါရိုက်တာ ကိုမျိုးထူးနဲ့ သရုပ် ဆောင် ကိုနေမျိုးအောင် တို့နဲ့ ရိုက်နေတာပါ။ လာမယ့် အကယ်ဒမီနဲ့ ပတ်သက်ပြီး ပြောပါဆိုရင်တော့ အကယ် ဒမီစာရင်းဝင်တဲ့ အထဲမှာ အစ်မကား ပါပါတယ်။

ဒါပေမဲ့ လုံးဝမျှော်လင့် စရာမရှိတဲ့ ဇာတ်ရုပ်မျိုးပါ။ ဒီနှစ်ကြား တာကတော့ မသက်မွန်လေးလို့ ကြား ရတာပါပဲ။ ဇာတ်ရုပ်ကတော့ ဘယ်လို ဇာတ်ရုပ်မျိုးပဲဖြစ်ဖြစ် သရုပ်ဆောင်မှု ကောင်းတယ်ဆို ကောင်းတဲ့ဆုရသင့် ပါတယ်။ သရုပ်ဆောင်တာ ဇာတ်ကား အမျိုးအစားနဲ့ မဆိုင်ပါဘူး။ ဒရာမာ ခေတ်လည်းကောင်း၊Comic သော် လည်းကောင်း၊ ဟာသသော်လည်း ကောင်းသရုပ်ဆောင်ခြင်းကို သရုပ် ဆောင်ကောင်းခြင်းကို ပေးတာဖြစ်တဲ့ သရုပ်ဆောင်ကောင်းရင် ပေးသင့်ပါ တယ်။

အခုချိန်မှာ ဆင်ဆာနဲ့ ပတ် သက်ရင်တော့ နည်းနည်းလေးဖွင့်ပေး လာတယ်လို့ ပြောသံလေးတွေ ကြား နေရတယ်။ အစ်မတိုလည်း စောင့် ကြည့်နေတုန်းပါပဲ လို့ ဖြေသွားတဲ့ မခိုင်ကြီးShow အစီအစဉ်အနေနဲ့ ဒီဇင်ဘာ (၂) ရက်နေ့R ဇာနည် One Man Show ရှိတယ်။ ပြီးတော့ ကိုရန် လေးရဲ့One Man Show တွေဆိုဖိုရှိ ပါတယ်လို့ဖြေသွားပါတယ်။

Comments

Popular Posts