အစီအစဉ်တင်ဆက်သူ မလုပ်တော့ဘူးဆိုတဲ့ ရဲလေး

၂၀၁၀ - ၂၀၁၁ ခုနှစ်ရဲ့ ရာသီအတွက် ရိုက်ကူးတဲ့ မြဝတီ ရုပ်မြင်သံကြားမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ထုတ်လွှင့် ပြသတဲ့ ဂီတ မိုးကောင်းကင်မှ ကြယ်ပွင့်လေးများ အစီအစဉ်မှာ တောက် လျှောက် အစီအစဉ်တင်ဆက်သူ လုပ်ခဲ့ပါတယ်။ ဒုတိယနှစ်ပွဲစဉ်ပြန်စတဲ့ အချိန်မှာ တော့ သူအစီ အစဉ် တင်ဆက်သူ မလုပ်တော့ဘူးလို့ သိရပါတယ်။ အစီအစဉ် တင်ဆက်သူ လုပ်ရတာ ပျော်ဖို့ ကောင်းပါ တယ်။ ဒါပေမဲ့ ကျွန်တော်က ဒီအပိုင်းမှာ ပုံမှန် အသက်မွေးဝမ်းကျောင်းလည်း မဟုတ် ဘူး။ ဂီတဘက်မှာ ကျွန်တော်လုပ်ငန်းတွေလုပ်စရာအများ ကြီးရှိပါတယ်။ ပုံမှန်အလုပ်ပြန် လုပ် ရတော့မယ်။ ဂီတသမားတစ်ယောက်အနေနဲ့ ကျွန်တော်သီချင်း ဆိုရမယ်၊ ရှိုးပွဲကိစ္စတွေ အများကြီး ရှိတယ်။ အဲဒါတွေ ဦးစား ပေးရမှာ ဖြစ်တယ်။ ဒီအစီအစဉ် တင်ဆက် သူဆိုတာက ဖျော်ဖြေရေး တစ်ခုအ နေနဲ့တွဲပြီး လုပ်ခဲ့တာပါ။ ကိုယ်လုပ် စဉ်မှာလည်း ဒီအစီအစဉ်က အောင်မြင်ခဲ့ တယ်။ နောက်တစ်ရာ သီမှာဆိုရင် ဒီအစီအစဉ်ကို ဒီထက် ပိုတိုးတက်အောင် ဘယ်လိုလုပ်မလဲ အဲဒါက နိုင်ငံခြားမှာဆိုလည်း ရှိတာပဲလေ။ ဒိုင်တွေကအစပေါ့။ အပြောင်းအလဲ တွေ ရှိတယ်။ Idol ကြည့်ရင် ပိုသိသာတယ်။ ဂျနီဖာလို ပက်စ်က တစ်နှစ်သူ ဒိုင်ဝင်လုပ်တယ်။ အဲဒီချိန်မှာ သူ့ရဲ့ပုံမှန် အလုပ်တွေ လစ်ဟင်းတယ်။ သူသိသွားတဲ့ အချိန်မှာ သူမလုပ်တော့ဘူး။ ကျွန်တော် လည်း အဲဒီလိုပါပဲ။ ကျွန်တော့်ရဲ့ ပုံမှန်အလုပ် မဟုတ်တဲ့ အငြိမ့်ဆိုလည်း အမြဲ ကတာမျိုး မရှိဘူး။ သဘော တရား က အဲဒီလိုပါပဲ။ ခုလို အစီအစဉ် တင်ဆက်သူ လုပ်တဲ့အတွက် ကိုဆန်းထွဋ်တို့ မမိုး(တင်မိုး လွင်) တို့ရဲ့ စိုးရိမ်မှုတွေကိုလည်း ပိုပြီး နားလည်သဘောပေါက်လာရတယ်။ တကယ်ကို မလွယ်ကူ တဲ့ အလုပ်၊ အနုပညာဆန်ပြီး ဖြတ်ထိုးဥာဏ်၊ ဟာသဥာဏ် ရွှင်ရ မယ်ဆိုတာကို သိခဲ့ရတယ်။ ကျွန်တော်လည်း တော်နေတာတော့ မဟုတ်ဘူး။ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ အောင်မြင်ခဲ့ တယ်။ ဒါပေမဲ့ ဒီထက်အရေးကြီးတဲ့ အလုပ် တွေ လုပ်စရာရှိတာကြောင့် အစီအစဉ် တင်ဆက်သူ မလုပ်တော့ပါဘူး။

Comments