တေးရေးတေးဆို အောင်မြင်မှုချိုချို
စန္ဒီ ၁၅၀ဝ ဩရသ / အရေး
- Tuesday, 29 November 2011 00:00
- 8 Days Journal
တေးသီချင်း တစ်ပုဒ် ပေါက်ရင်ဖြင့်
လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှမဟုတ် အချစ်သီချင်း ချိုချိုလေးတွေဆို ရင်ဖြင့်
လူငယ်
တွေရဲ့ ဂစ်တာဝိုင်း တွေမှာကြားရလေ့ရှိပါတယ်။ အဲဒီ
လိုအောင်မြင်တဲ့တေးသီချင်းတစ်ပုဒ် ရဲ့ နောက်ကွယ်က ဖန်တီးသူ တေး ရေးဆရာနဲ့
အသက်သွင်းသူတေး ဆိုတို့ရဲ့အောင်မြင်မှုအပေါ်ခံ စားချက်လေးတွေကို တေးသီချင်း
ချိုချို အောင်မြင်မှုချိုချိုဆိုတဲ့ ကဏ္ဍလေး ကနေတင်ဆက်ဖို့စီ
စဉ်ဖြစ်ခဲ့ပါတယ်။ 8 Days ရဲ့ တေးချစ် ပရိသတ် တွေလည်း ကြိုက်နှစ်သက်မယ်လို့
ယူဆရင်း တင်ဆက်လိုက်ပါတယ်။
ရေး-ဩရသ
(၁၅၀ဝ) သီချင်းကို ကျွန် တော်
ရေးဖြစ်တဲ့အချိန်က (၂)လ ပိုင်း၊ ၂၀၁၀ မှာ ဟဲလေးက စန္ဒီနဲ့ မိတ်ဆက်ပေးခဲ့တယ်။
စသိတုန်းက တော့ သူ့စီးရီးမှာ featuring ဆိုမ လို့ပဲ။
အဲဒါနဲ့နောက်ပိုင်းမှာသူ့စီးရီး အတွက်တစ်ပုဒ်ရေးပေးရာကနေများ သွားတာ
သူ့စီးရီးကို အကြံÓဏ် ပေးဖြစ်တဲ့သဘောပေါ့။ စန္ဒီက အနုပညာအလုပ်လုပ်တဲ့အခါမှာ
လူကြီးတွေနဲ့ ကျွန်တော်တို့အပေါ် မှာ respect ရှိတယ်လေ။ ဘာပဲ ပြောပြော
သူ့စီးရီးက ကျွန်တော် မန္တလေးသွားတဲ့အခါပဲဖြစ်ဖြစ် အပြင်ရောက်ရင်ပဲဖြစ်ဖြစ်
သူ့သီ ချင်းတွေကိုကြားနေရတယ်။ ထီ သည်တွေဆိုရင် ဆက်တိုက်ဖွင့်နေ တာ။ ဒဂုံ
စင်တာမှာလည်း ဖွင့်နေ တာပဲ။ နေရာတိုင်းပေါ့။ ဘာပဲဖြစ် ဖြစ်
သူ့အတွက်ဝမ်းသာတယ်။ အသစ်တွေတက်လာတာကို ကြိုဆို ပါတယ်။
သူ့စီးရီးဆိုရင်တော်တော် ရောင်းရတာ။ ပျော်စရာလေးတစ် ခုပြောရမယ်ဆိုရင်
ခိုးကူးခွေတွေ အဆုံး လက်မလည်အောင်ရောင်းရ တာမျက်မြင်ပဲ။
(၁၅၀ဝ) စီးရီးမှာ ဆိုမယ်ဆိုပြီး စန္ဒီနဲ့
သီချင်းရွေးတော့ (၁၅၀ဝ) သီချင်းနဲ့ လက်ခုပ်နှစ်ဖက်သီချင်း (၂) ပုဒ်ကို
ရွေးဖြစ်တဲ့ အချိန်မှာ သူ့ကိုပဲ (၁၅၀ဝ) သီချင်းကို ဆိုခိုင်း ပြီး
လက်ခုပ်နှစ်ဖက်သီချင်းမှာတွဲဆို ဖြစ်ခဲ့တယ်။ ကျွန်တော် ခုနောက်
ပိုင်းရေးဖြစ်တဲ့သီချင်းတွေကလည်း သမီးရည်းစားနှစ်ယောက်အတွက် ချစ်တိုင်းလည်း
ညားစေ ချင်တယ်။ ညားတိုင်း လည်း ချစ်စေချင်တယ်လေ။ အဲဒီစိတ်လေးနဲ့ပဲ (၁၅၀ဝ)
သီချင်း မှာ ဝေးရင်လည်း သတိရပါ။ တစ်ယောက်နဲ့ တစ်ယောက်ရိုးမြေကျ
သစ္စာရှိပြီးချစ်ကြပါ။ ချစ်တဲ့သူနဲ့ ပေါင်းပြီး မချစ်တဲ့သူနဲ့မပေါင်းသင်း
ဖို့ အဓိကဒီ သီချင်းလေးမှာ ပြောချင်တာ။ ဒီသီချင်းလေးရေးတုန်းက ခဏလေးပဲ
အရင်တုန်းက သီချင်း တွေဆိုရင် Chorus ပိုဒ်ကိုရေးပြီး Verse
ရေးတာကြာခဲ့သလို၊ တခါတလေ Verse ရေးပြီး Chorus မရတာအချိန်မျိုး စောင့်ခဲ့ရ
တာတွေရှိတယ်။ (၁၅၀ဝ) သီချင်းလေးကျ တော့ (၂၀၁၀) (၁)လပိုင်း၊ နေ့ လယ် (၁၂)
နာရီကနေ စရေးတာ ညနေ (၄) လောက်ကျပြီးသွားတာ လေ။ စကားလုံးရွေးချယ်မှုပိုင်းအ
တွက်တော့ စာများများဖတ်တယ်။ ကောင်းစကားလုံးကိုချမှတ်ထားလေ့ ရှိတယ်။
အဲဒီသီချင်းရေးတဲ့အချိန် မှာတကယ်ခံစားပြီးရေးခဲ့တာ။ ကိုယ်
ချစ်တဲ့သူကိုအနားမှာရှိစေချင်တယ်။ ကျွန်တော်ကြိုက်တဲ့ စာသားတစ်ခု ဆိုရင်
ပထမဦးဆုံးစတွေ့တဲ့အချိန် မှာ မင်းလေးတစ်ယောက်ပဲလိုချင်မိ တယ်။
တစ်နေ့ကျရင်ကြယ်လေး တွေတောက်ပသလို သူတို့နှစ် ယောက် တစ်နေ့ကျရင် ပေါင်းဖက်
ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ရေးလိုက်တာပါပဲ။
သံစဉ်ပိုင်းကျတော့ ဒီသီချင်း လေးက
ကိုယ်ပိုင်သံစဉ်ဖြစ်သလို ဂစ်တာကော့(ဒ်)၊ ကလည်းလွယ် ပါတယ်။ Am. F.G ရယ် F.G.
Am F ပေါ့။ ကော့(ဒ်)နှစ်ခုကိုပဲ ချိုးထား တာပေါ့။ ရေးထားတာကတော့ R&B
ဘက်ကိုနည်းနည်းနွယ်ပြီး ရေးပေးထားတာ။ Pop ဘက်လည်း နည်းနည်းနွယ်တယ်။ ပရိသတ်
နားထဲကို ရိုးရှင်းစွာရောက်အောင် ပေါ့။ ကျွန်တော်က ကိုယ်တိုင်ရေး
တဲ့သူဆိုတော့ Chorus မှာတက် ရင်ကောင်းမလား၊ ဆင်းရင်ကောင်း
မလားလို့အမြဲတမ်းစဉ်းစားတယ် ကျွန်တော်ရေးတဲ့ပုံစံတွေက Verse မှာ
ငြိမ်ငြိမ်လေးနောက် Chorus ကျမှ အသံတက်သွားတာ မျိုးတွေ၊ နောက် ဒီဘက်ခေတ်ကျ
တော့ Verse တွေကို အရမ်းအ မြင့်ပဲသွားပြီး Chorus ကိုအနိမ့်သံ
ရေးဖို့ကြိုးစားနေတယ်။ ဒါကလည်း (၁၀) ပုဒ်လောက်ဆက်တိုက်ရေး ရင် ပရိသတ်အတွက်
အီသွားနိုင်လို့၊ (၁) ပုဒ် (၂) ပုဒ်လောက်ကြားညှပ် ရေးနေတာပေါ့။
အခုကျွန်တော်ရေး နေတာကတာ့ Verse ကနေ Pre ကနေ Chorus ကနေ Bridge ကို
ပြန်ဆင်းရင်ဆင်းမယ်။ Chord လေးတွေကတော့ Change တာ ပေါ့။ ကျွန်တော့်ကို
Chord Theory သင်ပေးတာက ဆရာ မောင်မောင်ဇော်လတ်၊ ဆရာရွှေ ဂျော်ဂျော်၊
ဆရာမြင့်မိုးအောင်၊ ဆရာစောခူဆဲ(လ်)၊ တို့ရဲ့ Chord အထူးပြုလေ့လာတယ်။
ကျွန်တော် အကြိုက်ဆုံးကတော့ ဆရာစိုင်းခမ်း လိတ်တို့ရဲ့ အကြိုက်ဆုံးပါပဲ
(၁၅၀ဝ) သီချင်းမှာ ပညာသားပါတဲ့ အပိုင်းဆိုရင် သီချင်းရဲ့ ပထမပိုဒ်
မှာဆိုရင် လေရှူပေါက် လုံးဝမရှိ ဘူး။ Notes ကမျက်လုံးမှာပြေးနေ ရမယ်လေ။
နောက်ပိုင်းဝေးသွား လည်း သတိရနေပါဦးဆိုတဲ့ နေရာ ဆိုရင် နှိုက်သံလေးတွေပါတယ်။
တစ်လုံးခြင်းဆီမှာ mood ထည့်မှ သာ R&B ကို
ပိုင်ပိုင်နိုင်နိုင်ဆိုနိုင် မှ ရမှာ၊ အဲဒါကြောင့် စန္ဒီကို ဒီသီ
ချင်းအတွက် သေချာသင်ပြပေးခဲ့ တယ်။ သူကလည်းတော်တယ်၊ အခြေခံလေးလည်းရှိပါတယ်။
ကျွန်တော်က သီချင်းရေး
တော့မယ်ဆိုရင်သံစဉ်ကိုအရင်ရှာ ဖြစ်တယ်။ ပြီးတော့မှ စကား လုံးကိုချရေးတာ၊
သံစဉ်ရှာတဲ့ အချိန်မှာတော့ ချရေးတဲ့ စကားလုံးတွေက ဟိုရောက်ဒီ
ရောက်တွေဖြစ်ချင်ဖြစ်မယ်။ ဘယ် လိုမှဆက်စပ် နောက်မှ
ဇာတ်ညွှန်းတစ်ခုကိုစဉ်းစားတယ်။ ပရိသတ်ရင်ထဲကို ဘယ်လိုအနု
ပညာမြားတစ်စီးအနေနှင့် ပစ်ခွင်း မလည်းဆိုပြီးစကားလုံးတွေချရေး ပေးဖြစ်တာပါ။
သံစဉ်ပိုင်းဆိုင်ရာ လေ့လာမှုကတော့ အင်္ဂလိပ်သီချင်း တော်တော်များများကို
နားထောင် ဖြစ်တယ်။ သီချင်းများများနား ထောင်ဖြစ်တယ်။ သီချင်းရေးဆရာ
ကြီးတွေဘယ်လိုရေးနေလည်းဆို တာလေ့လာဖြစ်တယ်။
ကျွန်တော်တေးရေးဆရာတစ် ယောက်ဖြစ်ပေမယ့်
ကြိးစားနေဆဲ ပါ။ ကျွန်တော်က Copy သီချင်း ထက်စာရင် ကိုယ်ပိုင်သံစဉ်သီချင်း
ရေးတာများတယ်လေ။ Copy သီ ချင်းကျတော့ ပရိသတ်သိလေ သီဆိုရတဲ့ အချိန်မှာ
ပိုပြီးတာဝန်ကြီး လေ ပိုခက်လေလို့ ကျွန်တော့်ဘဝ မှာ နားလည်ထားတယ်။ ရေးရတာ
ကတော့ လွယ်ချင်လွယ်ပါတယ်။ ကိုယ်ပိုင်သံစဉ်ကျတော့ ကိုယ်ပိုင် Notes နဲ့
သံစဉ်နဲ့ဆိုရတော့ ပိုလွယ် တယ်လို့ ခံစားမိတယ်။ ဒါကြောင့်
သီချင်းရေးချင်တဲ့သူတွေကိုပြော ချင်တာက မြန်မာသီချင်းကိုကြေ
ညက်စွာနားထောင်စေချင်တယ်။ တစ်ချိန်တုန်းကဆိုရင် ကျွန်တော် ဖြစ်ခဲ့တယ် Rock
တို့ Pop တို့ပဲ နားထောင်တာ၊ ခုတော့ စွယ်စုံနား ထောင်နေရပြီ။ အဲဒါကြောင့်
ကျွန်တော်အမြဲတမ်းဖန်တီးလို့ရပါတယ်။ ပိုက်ဆံရှိတိုင်းလည်း အဆိုတော်မ
ဖြစ်ပါဘူး။ အခုနာမည်ကြီးနေတဲ့ အဆိုတော်တော်တော်များများဟာ အနုပညာကို
အောက်ခြေကနေ တက်လာတဲ့အတွက် အခြေခံပါလာပြီ။ အရေး၊ အဆို ဖြစ်ချင်တယ်ဆို
ရင်တော့ သီချင်းများများနားထောင် သင့်တယ်။ တစ်ယူသန်စိတ်မထား စေချင်ဘူး။
Music အကုန်လုံးကို နားထောင်စေချင်ပါတယ်။ တစ်ချိန်လုံး Music ကို
စဉ်းစားနေရင် ပိုကောင်းပါတယ်။ ကျွန်တော်တို့ အနုပညာသမားတွေ
သေရင်သေပျော်ပါတယ်။ နာမည်တစ်လုံးကျန်ခဲ့တယ်လေ။ အဓိပ္ပါယ်ရှိသောလူ ဖြစ်စေချင်
တယ်။ ကြိုးစားနေဆဲပါ။
ကျွန်တော် စန္ဒီ (၁၅၀ဝ) ထဲ မှာရေးထားတာက
Pop, R&B and Blue Rock တွေရေးပေးတယ်။ လက်ခုပ်နှစ်ဖက်ဆိုရင်အခုလက်ရှိ
ဖြစ်နေတဲ့အကြောင်းအရာလေးနဲ့ ၁၅၀ဝ သီချင်းဆိုရင်လည်း ပထမ ဦးချစ်သူ
အကြောင်းကို ရေးပေး ထားတာ၊ စန္ဒီအတွက် စန္ဒီကိုယ်စား ပြောချင်တာက
စန္ဒီသီချင်းလေး တွေ ဖွင့်တာကိုကြားရတော့ ဝမ်း သာတယ်။ ပရိသတ်ကြီးကလည်း
စန္ဒီ့စီးရီးကို နားမထောင်ရသေး ဘူးဆိုရင်လည်း နားထောင်စေချင် တယ်။
ကြိုးစားမှုတွေနဲ့ အကြောင်း အရာတစ်ခုလေးကို ရမှာပါ။ စန္ဒီ
လည်းဒီ့ထက်မကအောင်မြင်ပါစေ လို့ဆုတောင်းပေးချင်ပါတယ်။
ဆို- စန္ဒီ
ဆိုဖြစ်တာက
ဒီသီချင်းလေးက ဩကြီးလာ
ပြကတည်းကကြိုက်တာပါ။ သီချင်း အပ်ကတည်းက လူအများစုရဲ့ခံစား ချက်တွေနဲ့
တိုက်ဆိုင်တဲ့သီချင်း ဆပ်ပေးပါလို့ပြောခဲ့တော့ (၁၅၀ဝ) ဆိုတဲ့
သီချင်းလေးရှိတယ်ဆိုလို့ ပထမဆုံးဩကြီးက Guiter နဲ့ တီးပြီးဆိုပြတော့ Demo
သဘော ပေါ့။ နားထဲသိပ်မဝင်ဘူး နောက် (၂) ခေါက် (၃) ခေါက်လောက်မှ
နားထဲဝင်တာပါ။ Title ကလည်း ဆန်းတာကိုး စာသားတွေအား လုံးက
အဓိပ္ပါယ်ရှိတဲ့အတွက် ရောဆိုဖြစ်တာပါ။ ကိုဩရသရဲ့ ကိုယ်ပိုင်သံ စဉ်စစ်စစ်ပါ။
ခံစားမှုက
ဒီသီချင်းထဲကအတိုင်းပဲ မချစ်ရသူနဲ့
လက်တွဲလိုက်ရတဲ့ခံ စားချက်အတိုင်းကြေကွဲတဲ့ mood နဲ့ဆိုခဲ့တာပါ။ ဒါမှလည်း
သီချင်းရဲ့ အဓိပ္ပါယ်ကိုပိုပြီးလေးနက်ရာ ရောက်မှာမို့ပါ။ ဒီသီချင်းထဲက
ခံစားချက်လိုမျိုး အပြင်မှာလည်း ရှိမှာပါ။
ချစ်ရသူနဲ့ဝေးနေရတဲ့သူတွေလည်းရှိမှာ ပါ။ များသောအားဖြင့် မိန်းကလေး တွေရဲ့
ခံစားချက်တော်တော် များ များတိုက်ဆိုင်တဲ့အတွက်ပါ။ ဒီသီ
ချင်းပေါက်ခြင်းမပေါက်ခြင်းအတွက် တော့ မဟုတ်ဘူး။ ဒီသီချင်းကို
ကိုယ်တိုင်ကလည်းကြိုက်လို့ mood အပြည့်နဲ့ဆိုခဲ့တာပါ။
ဆိုဖြစ်တဲ့ အချိန်
အခုနောက်ပိုင်း show ပွဲ တိုင်းမှာ (၁၅၀ဝ)
ကိုမပါမဖြစ်တော့ အမြဲဆိုဖြစ်တယ်။ နယ်ပရိသတ် လည်းအရမ်းကြိုက်တယ်လေ။ အခု
ဆိုရင် ရန်ကုန်ပရိသတ်ပါကြိုက် လာပါပြီ။ သီချင်းတွေတောင်းတဲ့ အခါလည်း (၁၅၀ဝ)
ဆိုပေးပါလို့ ပြောလာတဲ့အခါမှာလည်းဆိုဖြစ်ပါ တယ်။ ဒီသီချင်းလေးကိုတော့
မင်္ဂလာဧည့်ခံပွဲတိုင်းမှာလည်းဆိုဖြစ် တယ်။ မင်္ဂလာမောင်နှံတွေအရမ်း
ကြိုက်ကြတယ်လေ။ ဗညညကေိုငညညနမ တွေမှာလည်းဆိုဖြစ်တယ်။ ဘာလို့လဲဆိုတော့
စန္ဒီိလို့ဆိုတာနဲ့ (၁၅၀ဝ) ကတွဲပြီးပါပြီးသားမို့လိုပါ။ အခုဘယ်သွားသွား
ဒီသီချင်းလေး ကို အမြဲတမ်းဆိုဖြစ်နေပါပြီ။
ပရိသတ်လက်ခံတာ သိရတာက
Audio CD မှာ ကတည်းက နဲနဲတော့
အသံထွက်နေပါပြီ။ ဒါပေ မဲ့ သီချင်းသာပေါက်နေတာ စန္ဒီဆို
မှန်းတော့မသိကြသေးပါဘူး။ VCD ထွက်ပြီးတော့မှ စန္ဒီဆိုတာကို တွဲပြီး
သိသွားကြတာပါ။ Online က တစ်ဆင့်နယ်တွေတော်တော်များများ
ပျံ့နေတယ်ဆိုတာသိရတော့ ဝမ်း သာမိပါတယ်။ အခုတော့ ရန်ကုန် ကပရိသတ်တွေပါ
လက်ခံလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Em တွေကနေ သီချင်းတွေကောင်း
လာတဲ့အတွက်ရော ကျေးဇူးတင်ပါ တယ်။ အခုတော့ ရန်ကုန်မှာက စန္ဒီ ရဲ့ Senior
တွေများတော့ ပြောရ ရင် စန္ဒီတွေအရမ်းများနေတော့
ခုနောက်ပိုင်းပရိသတ်ခွဲခြားပေးလိုက် တာက စန္ဒီ (၁၅၀ဝ) တဲ့။ ပရိသတ်
ကိုလေးစားပါတယ်။ နာမည်မှည့် ပေးလိုက်လို့လေ။ စန္ဒီ (၁၅၀ဝ) လို့
ဖြစ်စေတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ စန္ဒီလို့ အသိအမှတ်ပြု
အောင်ရေးပေးခဲ့တဲ့ဩကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ပျဉ်းမနား
တစ်မြို့လုံးကပရိသတ်တွေကို လည်း ကျေးဇူးတင်ပါတယ်။
၁၅၀ဝ နဲ့ လက်ခုပ်နှစ်ဖက်ကို တောင်းကြတဲ့ အတွက် ပရိသတ် လက်ခံတဲ့အတွက် ခံစားမှုက
အတိုင်းမသိ ဝမ်းသာပါတယ်။ ပရိသတ်ရဲ့
အားပေးမှုကိုလည်း ကျေး ဇူးတင်ပါတယ်။ စန္ဒီရဲ့ ပထမဆုံး ကြိုးစားမှုပါ။ အသိ
အမှတ်ပြုတဲ့ အတွက် ပျော်ပါတယ်။ ခုလိုပရိ သတ်လက်ခံအားပေးမှ လည်း စန္ဒီ
နောက်ထပ် သီချင်းခွေတွေထပ်ပြီး ထုတ်ရမှာပါ။ ဒီ Album ဟာ စန္ဒီ ဘဝရဲ့
စာမေးပွဲ တစ်ခုလိုပါပဲ။ အဆုံးအဖြတ် ပေးဖို့က အရေးကြီး တဲ့အတွက်ပါ။
ပရိသတ်ရဲ့ အားနဲ့ ဆက်ပြီးကြိုးစား သွားပါ့မယ်။ ကိုယ် စွမ်းဝဏ်စွမ်း
ရှိသရွေ့ပါ။ ဆက်ပြီး အားပေးပါလို့ လည်းပြောချင်ပါတယ်။ ပရိသတ်
ကြီးလည်းစီးပွားရေးတွေ အောင် မြင်ကြပါစေ။ ကျန်းမာချမ်းသာ ကြပါစေလို့။

Comments