မာရီနာရဲ့ စိတ်ကြိုက်ဖက်ရှင်


မာရီနာ နှင့် လတ်တလော စိတ်ကြိုက် ဖက်ရှင်
အနုပညာရှင်တို့နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်ကဏ္ဍ ရိုက်ကူးရန် အချိန်သို့ ရောက်ရှိ လာခဲ့ပြန်ပြီ။ ယခုတစ်ပတ် ဖက်ရှင်ကဏ္ဍအတွက် ပါဝင်ပေးမည့်သူက သရုပ်ဆောင်မော်ဒယ်လ် မာရီနာပင်ဖြစ်သည်။ မာရီနာ ပြောပြခဲ့သည့် ဖက်ရှင် စိတ်ကူးမှာ “မာရီနာ ဒီကဏ္ဍလေးအတွက် ဖက်ရှင်စိတ်ကူး ကို ဒီဇိုင်နာ Seng Lat(maka) ကဖန်တီးပေး ထားတာပါ။ အခြေခံစိတ်ကူးလေးကတော့ ပွဲတက်ဂါဝန်တွေကိုမှ အနားစတွေလွင့်နေတဲ့ ပုံစံမျိုးလေးဖန်တီးချင်တာပါ။ ဒါကြောင့် ဒီဇိုင်နာနဲ့တိုင်ပင်ပြီး စီစဉ်ဖြစ်ခဲ့တာ။
အရောင်ရွေးချယ်မှုကလည်း ဆောင်းဦးပေါက်ရာသီ ဖြစ်တဲ့အတွက် တောက်ပတဲ့အနီရောင်တို့ အဖြူရောင်တို့ကို ရွေးချယ်ထားပါတယ်။ ပထမ၀တ်စုံက အနီရောင် ရင်ပြတ်ကိုမှ အောက်က အပြာနဲ့ ရွှေရောင် အစင်းလေးတွေ စပ်ထားတဲ့ ဂါဝန်အတိုလေးပါ။ ရင်ပြတ်ပေါ် မှာ အနီရောင်ပန်းပွင့်တွေနဲ့ အလှဆင်ထားပါတယ်။ လွင့်နေတဲ့ပုံစံလေး ဖြစ်သွားအောင်တော့ ဇာအပါးစ အနီရောင်လေးအပေါ်က ထပ်အုပ်ထားပါတယ်။ ဖိနပ်ကိုလည်း အနီရောင်တောက်တောက် ဒေါက်အမြင့် လေးစီးထားပါတယ်။
ဒုတိယ၀တ်စုံလေးကိုတော့ ၀တ်စုံရဲ့လွင့်နေတဲ့ theme လေးနဲ့ လိုက်ဖက်သွားအောင် ဗိုလ်တထောင်ဆိပ်ကမ်းမှာ သွားရိုက်ထားတာပါ။ ၀တ်စုံကအဖြူရောင် ရင်ပြတ်ဂါဝန်ပေါ်မှာမှ အောက်ကအဖြူပေါ်မှာ အမည်းရောင် အပွင့်တွေနဲ့ဆက်ထားတဲ့ ဒီဇိုင်းလေးပါ။ ဒီဝတ်စုံလေးမှာလည်း ဇာအပါး တစ်ထပ်အပေါ်က ထပ်ပြီးလွင့်နေတဲ့ ဒီဇိုင်းလေး ဖန်တီးထားတာပါ။ ၀တ်စုံနဲ့ လိုက်ဖက်တဲ့အဖြူရောင် ဒေါက်အမြင့် ဖိနပ်လေးစီးထားပါတယ်။ ဒီဝတ်စုံလေးကတော့ ကြည်လင်တောက်ပ တဲ့ပွဲတက်ဝတ်စုံ ဒီဇိုင်းလေးပေါ့။ မိတ်ကပ် လိမ်းခြယ်ရာမှာလည်း ပွဲတက်ပုံစံပဲ လိမ်းခြယ်ထားပါတယ်။ မိတ်ကပ်ကို လင်းလင်း(အောင်အောင်-တောင် ကြီး)က လိမ်းခြယ်ပေးထားတာပါ။ မာရီနာ မျက်နှာနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အညိုရောင် ပုံစံလေး လိမ်းခြယ်ထားပြီး ဆံပင်ကိုတော့ ဆက်တင်လိပ်အနေနဲ့ လိပ်ထားပါတယ်။ တောက်ပတဲ့နေရောင်အောက် က တောက်ပတဲ့ အရောင်တွဲစပ်မှုတွေနဲ့ ဖန်တီးထားတဲ့ ပွဲတက်ဝတ်စုံက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိ စေတယ်လို့ ထင်ပါတယ်” ဟု မာရီနာ ကပြောပြသွားခဲ့သည်။ မာရီနာ၏ ဖက်ရှင်ရွေးချယ်မှုကို ယခုတစ်ပတ်အတွက် တင်ပြပေးရင်း နောက်တစ်ပတ်များ၏ ဖက်ရှင်ကဏ္ဍကို စောင့်မျှော်ပါဟု . . .

Comments

Popular Posts