အရှေ့တောင်အာရှရဲ့ အင်းအားအကြီးမားဆုံး မြန်မာ့လေတပ် ဆိုပါလား

စားစရာမရှိ ဝယ်စရာရှိတဲ့ ... အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်...

နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100
(ဓာတ်ပုံ ဒီမိုဝေယံ)
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း၅၇၀တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး(၂၀)အား မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့ ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။

မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည်၂၂၆ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ပေရှိပြီး ပေါင် (24,250 lb)သာရှိတဲ့ MiG-29 ၃စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။
အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...။
ရုရှားနိုင်ငံဟာ ၂၀၀၉ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့ ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10နဲ့ FC 1တိုက်လေယာဉ်တွေအစား MIG 29ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် အောက်တိုဘာလကတည်းက ရုရှားMIG 29 မြန်မာလေတပ်အတွက် အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။
အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ်F-7နဲ့ Q-5တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29ဖြစ်ပါတယ်..
ရုရှားဟာ မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ၂၀၀၉ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29 တိုက်လေယာဉ် ၁၂စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂မျိုးသုံးလို့ရတဲ့ တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့ပါတယ်..။
မြန်မာစစ်တပ်ရဲ့ ယူကရိန်းလုပ် MT-LBMSH တင့်ကား..
အတွင်းပိုင်း မြင်ကွင်း
ယူကရိန်းလုပ် မြန်မာစစ်တပ်မှာ အသုံးပြုမယ့် MT-LBMSH တင့်ကားများရဲ့ တိုက်ခိုက်ရေး စွမ်းရည် ရုပ်သံ... (ပြည်ပရန်ကာကွယ်ဖို့သာ အသုံးပြုသင့်ပါတယ်..)
ထို့အတူ ယူကရိန်းနိုင်ငံမှလည်း ၂၀၀၇ခုနှစ်က အဆင့်မြှင့်တင် မွန်းမံထားတဲ့ MT-LBMSH တင့်ကား ၁၀စီးနဲ့ ၂၀၀၉ခုနှစ်မှာတော့ ၁၆စီးပေးပို့ခဲ့ပါတယ်..။
မြန်မာလေတပ်မှ K-8 အမောင်းသင်လေယာဉ် အစီး(၅၀) ဝယ်ယူတဲ့ တရုတ်သတင်း ရုပ်သံ
နောက်ဆုံး အနေနဲ့ တင်ပြလိုတာကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့လေတပ်အပေါ် သုံးသပ်ချက် သတင်းတပုဒ်ပါ..။ ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အမျိုးသမီးတွေပါ အမောင်းသင်လို့ရတဲ့ K-8 အမောင်းသင်လေယာဉ် အစီး ၅၀ကျော် ဝယ်ယူတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ လေတပ် အင်အားအကြီးဆုံး နိုင်ငံဖြစ်လာပြီလို့ ဆိုပါတယ်..။

တရုတ်က သုံးသပ် လေ့လာထားတဲ့ မြန်မာ့လေတပ်ရဲ့ တိုက်လေယာဉ် စာရင်းကတော့ အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ကျော်တဲ့ Q-5 attack aircraftနဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft တို့ဖြစ်ပြီး အရှေ့တောင် အာရှရဲ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားကြောင်း ရေးသားထားတာကို တင်ပြလိုက်ရပါတယ်...။
တရုတ်သတင်း.. (http://news.ifeng.com/mil/jsdg/detail_2011_05/18/6467710_9.shtml)

Comments

Popular Posts