မစ္စစ်ကလင်တန်ခရီးစဉ် တရုတ်တုံ့ပြန်ချက်
မစ္စစ်ကလင်တန်ခရီးစဉ်နှင့်ပတ်သက်လို့ တရုတ်ကကြိုဆိုတယ်လို့ဆိုပါတယ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ပြေခွင့်ရသူကဆိုပါတယ် မြန်မာနိုင်ငံအနေနှင့်လည်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြင့်ဖို့ လိုအပ်နေပြီလို့ဆိုပါတယ်။မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေကို အကြောင်းပြပြီး ပိတ်ဆို့အရေးယူတာတွေကိုလည်း ရုတ်သိမ်းသင့်ပြီလို့ဆိုပါတယ်။မစ္စစ်ကလင်တန်ခရီးစဉ်နှင့် ပတ်သက်လို့ တရုက်သတင်းစာတွေကလည်း အမျိုးမျိုးဖော်ပြနေပါတယ်။မြန်မာအစိုးရသတင်းစာတွေမှာတော့ မစ္စစ်ကလင်တန်ခရီးစဉ်ထက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တရုတ်ပြည်ရောက်ရှိနေတဲ့ သတင်းတွေကို ပိုမိုဖော်ပြလျက်ရှိတာကို တွေ့ရတယ်။

Comments