ဂလက်ဇီအသင်းသို့ပြောင်းဖို့စဉ်းစားနေသော ဒရော့ဘာ

ဂလက်ဇီ အသင်းသို့ ပြောင်းဖို့ စဉ်းစား နေသည့် ဒရော့ဘာ

ဂလက်ဇီ အသင်းသို့ ပြောင်းဖို့ စဉ်းစား နေသည့် ဒရော့ဘာ
ဒရော့ဘာ၏ အေးဂျင့် ဖြစ်သူက သူ၏ ကစားသမားမှာ ချယ်လ်ဆီး အသင်းနှင့် ချုပ်ဆို ထားသည့် စာချုပ် သက်တမ်း ကုန်ဆုံး ခဲ့ပါက အသင်းမှ ထွက်ခွာရန် ရှိနေကြောင်း သိရသည်။
“ဒရော့ဘာကို တစ်နှစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပါတယ် အဲဒါက ကျွန်တော်တို့ အတွက် အဆင်မပြေ ပါဘူး”ဟု အဆိုပါ အေးဂျင့်မှ ဖွင့်ဟ ခဲ့သည်။ ဒရော့ဘာမှာ ချယ်လ်ဆီး အသင်းနှင့် နှစ်နှစ်သက်တမ်းတိုး လိုနေသော်လည်း အသင်းမှ တစ်နှစ်သာ သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သောကြောင့် အခြားသော အသင်းတစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီး အဖြစ်နိုင်ဆုံးမှာ ငွေကြေးများစွာ ပေးဖွယ်ရှိနေသည့် ဂလက်ဇီ အသင်းသို့ ပြောင်းရွှေ့ဖွယ် ရှိနေခြင်းလည်း ဖြစ်သည်။
“များစွာသော အသင်းတွေ ကြားထဲက ဂလက်ဇီ အသင်းက ဖြစ်နိုင်ချေ အရှိဆုံးပါပဲ အန်းဇီ အသင်းကလည်း သူ့ကို ချိတ်ဆက် နေပါတယ်”ဟု ဆေဒီမှ ဖွင့်ဟခဲ့သည်။
အေစီမီလန် အသင်းကလည်း ဒရော့ဘာကို စိတ်ဝင်စား နေသော်လည်း အသက် (၃၃) နှစ် အရွယ်ရှိပြီ ဖြစ်သည့် တိုက်စစ်မှူး အတွက် ငွေကြေး ပိုမို ရရှိမည့် အသင်းတစ်သင်းသို့သာ ပြောင်းရွှေ့သင့်သည်ဟု သူ၏ အေးဂျင့် ဖြစ်သူကတော့ အကြံပြုထားသည်။

Comments

Popular Posts