ရော်နယ်ဒိုလက်သစ်ကို ပေါက်(၁၄)သန်းနှင့် ကမ်းလှမ်းမဲ့ ချယ်ဆီးနှင့် လီဗာပူး

ရော်နယ်ဒို လက်သစ်ကို ပေါင် (၁၄) သန်းဖြင့် ကမ်းလှမ်းမည့် ချယ်လ်ဆီး နှင့် လီဗာပူးလ်
ချယ်လ်ဆီး နှင့် လီဗာပူးလ် အသင်းတို့သည် ရေးဗားပလိပ် အသင်း၏ ကြယ်ပွင့် ကစားသမား အိုကမ်ပေါ့စ်အား ပေါင် (၁၄) သန်းဖြင့် ကမ်းလှမ်းရန် ပြင်ဆင် နေကြောင်း သိရသည်။ ချယ်လ်ဆီး အသင်းမှာ ပြီးခဲ့ သော အောက်တိုဘာလ အရပ် (၆) ပေ (၂) လက်မရှိ အသက် (၁၇) နှစ် အရွယ် စီရော်နယ်ဒို လက်သစ် အဖြစ် သတ်မှတ်ခြင်း ခံထားရသော အိုကမ်ပေါ့စ်အား အခိုင်အမာ စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း Daily Mail မှဖော်ပြခဲ့သည်။
ရေးဗားပလိပ် အသင်းကတော့ ယခင်က သူတို့ အသင်း အာဂျင်တီးနား အဆင့်မြင့်တန်းသို့ တန်းမတက် မချင်း အိုကမ်ပေါ့စ်အား ရောင်းချလိမ့်မည် မဟုတ်ဟု ငြင်းပယ် ခဲ့ပြီး အင်တာမီလန် အသင်းမှ ကမ်းလှမ်း ခဲ့သည့် ပေါင် (၁၅) သန်းတန် အပြောင်းအရွှေ့အား ပယ်ချခဲ့ဖူးသည်။
သို့သော်လည်း လက်ရှိအချိန်တွင် ရေးဗားပလိပ်မှာ အိုကမ်ပေါ့စ်အား ရောင်းချရန် အတွက် ပြန်လည် စဉ်းစားလာ ခဲ့ပြီး တောင်အမေရိက ဈေးကွက်မှ ကစားသမားများ ရှာဖွေနေသည့် လီဗာပူးလ် အသင်းက ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် ဗာဂတ်စ် နှင့်အတူ အိုကမ်ပေါ့စ်ကိုပါ ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

Comments

Popular Posts