ဘယ်သွားမှာလဲ အိုလီဂျွန်
အိုလီဂျွန်ကို ရဖို့ လီဗာပူးလ်ထက် အရေးသာ နေသော မန်ယူ
- Friday, 02 December 2011 00:00
- Soccer
လီဗာပူးလ် အသင်းသည် မန်ယူမှ ပစ်မှတ် ထားနေသော တွမ်တီး အသင်း တိုက်စစ်မှူး အိုလီဂျွန်ကို ခေါ်ယူရန် ပစ်မှတ် ထားနေ
ကြောင်း သိရသည်။
အသက် (၁၉) နှစ် အရွယ်ရှိ တိုက်စစ်မှူးအား
လီဗာပူးလ် အသင်း ၏ အမှူဆောင်ချုပ် ကိုမိုလီမှ ကြိုက်နှစ်သက် နေပြီး
ခေါ်ယူရန် စီစဉ်နေသော်လည်း ကစားသမား ကိုယ်တိုင်ကတော့ မန်ယူ အသင်းသို့
ပြောင်းရွှေ့ချင်သည့်ဟု ထုတ်ဖော် ပြောကြား ထားသလို တွမ်တီး အသင်းနှင့်
မိတ်ဆွေဖွဲ့ထားသော မန်ယူ အသင်းမှာ လီဗာပူးလ်ထက် တစ်ပန်း သာ နေ ကြောင်း
သိရသည်။
အိုလီဂျွန်က “ကျွန်တော့်ကို မန်ယူနဲ့
အာဆင်နယ် အသင်းတို့ စိတ်ဝင်စားနေကြပါတယ် ဒါပေမဲ့ ကျွန်တော်က တွမ်တီးမှာပဲ
ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ယခုနှစ်အစောပိုင်းက ထုတ်ဖော် ပြောကြားခဲ့ဖူ
သည်။

Comments