မောင့်ကိုမပြောပြချင်ဘူး ဇာတ်ကား
စူပါတန်းဝင်မင်းသား ဟိန်းဝေယံနဲ့ သက်မွန်မြင့်အတွဲကို သရုပ်ဆောင် ဇင်မျိုး၊
နေမင်းဖြိုး၊ မိုခမ်း၊ သိင်္ဂီထွန်း၊ အေးမြတ်သီဟန် အပါအဝင် အနုပညာရှင်ပေါင်း
မြောက်များစွာဖြင့် ဒါရိုက်တာမီးပွားက မာန်ထက်ချီ ထုတ်လုပ်ရေးအတွက်
လက်စွမ်းပြ
ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကား လေးကတော့ “မောင့်ကို ပြောမပြချင်ဘူး” လို့
အမည်ပေးထားကြောင်း သိရပါတယ်။ ဗီဒီယိုကြည့်ပရိသတ် ကြီးအတွက်
ကြိုတင်ခံစားရင်ခုန်နိုင် ဖို့ဇာတ်လမ်းလေးကို ပြောပြရရင်..... တင်ဇေယျနှင့်
ရှင်ညိုတို့သည် ဒီပလိုမာ သင်တန်းတက်ရင်း ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။
တစ်ယောက်မှာ အကျင့်စရိုက်ကိုယ်စီ ရှိကြသည့်အလျောက် အမှတ်မထင်
တွေ့ဆုံမှုမှာလည်း ထိုစရိုက်များအပေါ် အခြေခံပြီး ဆုတောင်းဖြစ်ခဲ့ကြခြင်း
ဖြစ်သည်။ အသန့်အပြန့်ကြိုက်သော တင်ဇေယျနှင့် ဖြစ်သလိုကြုံသလို
ဗြုတ်စပြင်းတောင်းနိုင်လွန်းသော ရှင်ညိုတို့နှစ်ဦး၏ အသီးသီးမှာလည်း
စရိုက်နှင့်ပတ်သက်ပြီး ပြဿနာလေး များရှိကြသည်။ တင်ဇေယျ၏အိမ်မှာ
မိခင်ကြီးနှင့်အတူ တင်ဇေယျ၏ ညီတစ်ယောက်ရှိသည်။ အိမ်ရှိသူများနှင့် တင်ဇေယျ
အဆင်မပြေ။ ညီဖြစ်သူ၏ စည်းကမ်းမရှိ ညစ်ပတ်၊ပွရွ အောင်နေတာကိုလည်းမကြိုက်၊
အိမ်ဖော်မလေး၏ အမှားအယွင်း အတိမ်းအစောင်းကိုလည်း သည်းမခံနိုင်။
တဗျစ်တောက်တောက် ပြောမိတိုင်း မိခင်ကကြား ဝင်ဖျန်ဖြေပေးရသည်။
ဇီဇာကြောင်လွန်းသော တင်ဇေယျအား လိုက်လျောညီထွေ နေတတ်ရန်
ပြောဆိုဆုံးမရတော့သည်။ သို့သော်လည်း တင်ဇေယျ၏အကျင့်က လျှော့မရ၊ သပ်ရပ်
သန့်ရှင်းပြီး စည်းကမ်းကို တန်ဖိုး ထားတတ်သည့် ဥာဉ်က ရှိနေမြဲရှိ
နေဆဲပင်ဖြစ်သည်။
အလားတူ သားအမိ(၂)ယောက်ရှိသော
ရှင်ညိုတို့မှာလည်း တကျကျက်မလေးစား၊ မိန်းကလေးဖြစ်ပြီး အဝတ်အစားကို
ကပိုကရိုဝတ်ကာ ဖိုသီဖတ်သီဖြစ်လေ့ရှိသည့်ရှင်ညိုအား မိခင်ခမျာ အာပေါက်
မတတ်ပြောရရှာသည်။ ရှင်ညိုကလည်း မပြောင်းလဲ ဒုံရင်းအတိုင်းသာဖြစ်သည်။
တင်ဇေယျနှင့် ရှင်ညို တို့မှာပညာတတ် ခေတ်လူငယ်များ ပီပီကိုယ်ပိုင်
စီးပွားထူထောင်ထားကြ သူများလည်းဖြစ်သည်။ ထိုအခါ၌လည်း နှစ်ဦးစလုံး၏
စရိုက်များကြောင့် အဆင်ပြေဖြောင့်ဖြူးခြင်းမရှိခဲ့။ ကော်ဖီဆိုင်လေး
ထောင်ထားသည့် တင်ဇေယျမှာ အလုပ်သမားများအပေါ် ဇီဇာကြောင်ခြင်း၊
စတိုးဆိုင်ဖွင့်ထားသည့် ရှင်ညိုမှာလည်း အလုပ်သမားများ၏ အထင်သေးခံရခြင်း
စသည်တို့ကို ကြုံရပြန်သည်။ အကျင့်စရိုက်ကတော့ ပိုနေမြဲ ကျားနေမြဲ
ရှိနေဆဲပင်ဖြစ်သည်။ မတည့် အတူနေဆိုသည့် စကားအတိုင့်း နှစ်ယောက်သား
သင်တန်းအတူ တက်နေကြသဖြင့် အမြဲတစေရန်ဖြစ်နေရာမှ ရန်မဖြစ်ရင် မနေနိုင်ကြသလို
ခံစားလာခဲ့ကြသည်။ တစ် ယောက်ကျောင်းမတက်လျှင် တစ်ယောက်က
စာကူးပေးသည့်အဆင့်ကို ရောက်လာကြသည်။ ထိုမှတစ် ဆင့်တက်ကာ ချစ်သူဘဝ
ရောက်လာခဲ့ကြလေတော့သည်။ နှစ်ယောက်သားမှာ ချစ်သူတို့ထုံးစံ အတိုင်း
ကျီစယ်ချော့မြူချွဲနွဲ့ သာယာမှုများမရှိကြ။ တင်ဇေယျက သူ၏ စည်းကမ်း
ဇယားပုံစံခွက်ထဲသို့ ရှင်ညိုအား ဆွဲခေါ်စည်းရုံးမှု ဖြစ်စေခဲ့သည်။
ရှင်ညိုကလည်း လက်မခံ၊ ကိုယ်နေတတ်သလို နေထိုင်တာပဲဟု ခွန်းတုံ့ပြန်သည်။
ဒါတွေကိုပြင်မှ လက်ထပ်ယူမယ်ဆိုရင် တကယ်ချစ်တာ မဟုတ်လို့ပေါ့ဟု ရှင်ညိုက
မြင် သည်။တင်ဇေယျကလည်းမလျှော့။ ထို့နှင့်... နောက်ဆုံးအခြေအနေ
ရောက်ရှိခဲ့ကြလေတော့သည်။ နှစ်ဦး စလုံးမှာ ကိုယ်မှန်တယ်အထင်နှင့်
မာနပြိုင်ပြီး စိုးရိမ်ဖြစ်နေခဲ့ကြပြီး တင်းမာလာကြသည်။ ရှင်ညိုစိတ်
ရင်းအမှန်မှာ ပြုပြင်ချင်စိတ်ရှိသည်။
သို့သော် သူမပြုပြင်မှ တင်ဇေယျက လက်ထပ်
ခွင့်တောင်းသည် ဆိုပါက လုံးဝ လက်မခံနိုင်ဟူသော မာန တင်းခံနေ သည်။
တင်ဇေယျကလည်း ခုချိန်မှာမပြင်ရင် ဘယ်အချိန်ပြင်ရ တော့မှာလဲဟု ပူပန် သောကရှိ
နေသည်။ တင်ဇေယျ ၏ ဆုံးဖြတ်ချက်ကို ခိုင်မာအောင် လုပ်လိုက်သူ ကတော့တင်ဇေယျ၏
ညီပဲဖြစ်သည်။ ညီဖြစ်သူ မိန်းမခိုးလာပြီး အိမ်မှာ အတူနေကြသည်။ ထိုအခါ
ညီဖြစ် သူ၏ မိန်းမကို ရှင်ညိုနှင့် ခိုင်းနှိုင်း ကြည့်မိသည်။ စည်းမရှိ၊
ကမ်းမရှိ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ အခန်း ထဲမှာလည်း အမှိုက်ပုံတမျှ ရှုပ်ပွနံ
စော်နေကာ ညီဖြစ်သူလင်မယားကို မြင်ပြီး တင်ဇေယျာ အကြီးအကျယ်
ထိတ်လန့်သွားသည်။ ငါနဲ့ ရှင်ညို ကော ဒီလို မဖြစ်ဘူး ပြောနိုင်မလား....
ဟုကိုယ့်ကို ပြန်မေးရင် နာနာနှင့် ဆုံးဖြတ်ချက်ချလိုက်ရလေတော့သည်။ တင်ဇေယျက
“ငါတို့ နှစ်ယောက်ရေရှည် ဖြစ်နိုင်မှာမဟုတ်ဘူး” ဆိုသည့် စကားပြောပြီး
ရှင်ညို အံကြိတ်မျက်ရည်ကျရသည်။ ချစ်လျက်နှင့် မာနတင်းခံကာ ငါတို့ လမ်းခွဲကြ
တာပေါ့ဟု ပြောကာ နှုတ်ဆက်လိုက်လေတော့သည်။ နှစ်ဦးစလုံး၏ ရင်ထဲမှာတော့
ပြောချင် သော စကားများပြည့်လျက် မျက်ရည်များနှင့်
ကျောခိုင်းသွားခဲ့ကြလေတော့သည် စသဖြင့် ရင်နင့် လွှမ်းမော ဖွယ်ရာ ဇာတ် လမ်း
ဇာတ်အိမ်ကို တည်ဆောက်ပြီး လှပတဲ့ရိုက်ချက်တွေနဲ့ ချယ်မွန်းထားတဲ့
“မောင့်ကို ပြောမပြချင်ဘူး” အမည်ရှိ ဇာတ်ကားလေး ထွက်လာရင် အငှားဆိုင်ကိုသာ
အပြေး ကလေးသွားပြီး ငှားရမ်းကြည့်ရှူ ခံစားနိုင်ပါကြောင်း
သတင်းကောင်းပါးရင်း ...။
ရုပ်ရှင်သတင်းထောက်


Comments