အမုန်းဍ္ဍ်စတင်ခဲ့သောအချစ်
မြစ်ဆုံ၏ရှုခင်းများနှင့် ရိုက်ကူးထားသည့် ‘အမုန်း၌စတင်ခဲ့သောအချစ်’
- Friday, 02 December 2011 00:00
- Eleven Media Group
ကချင်ဘာသာ စကားပြောနှင့် မြစ်ဆုံဒေသ၏
အလှအပများကို နောက်ခံထား ရိုက်ကူးထားသည့် ‘အမုန်း၌စတင် ခဲ့သော အချစ်’
ဒီဗီဒီ ဇာတ်ကားကို
စင်ကာပူနိုင်ငံတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ပြသရန် စီစဉ်ထားပြီး
ကြည့်ရှုနိုင်မည့် လက်မှတ်များကို ပင်နဆူလာ ပလာဇာငါးလွှာတွင်
ဝယ်ယူရရှိနိုင်သည်ဟု သိရှိရသည်။
‘‘အမုန်း၌စတင်ခဲ့သော အချစ်ဇာတ်ကားကို
စင်ကာပူမှာ ပြသနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကြိုတင်လက်မှတ်တွေကိုစပြီး ရောင်းနေပါပြီ။ ဒီကားလေးက ကချင်ဘာသာ စကားပြော
မြန်မာ စာတန်းထိုး ဖြစ်သလို ကချင်ပြည်နယ် ရဲ့ဓလေ့စရိုက်တွေ၊
မြစ်ဆုံဒေသရဲ့လှပမှုတွေ၊ ပတ်ဝန်းကျင် သဘာဝအလှတွေကို အဓိကထားပြီး
ရိုက်ထားတာပါ။ ဒါကြောင့် ကြည့်ခွင့်ရတဲ့ ပရိသတ်တွေလည်း
ကြိုက်မယ်လို့ထင်ပါတယ်’’ ဟု ဇာတ်ကား၏ ဖန်တီးသူ ဒါရိုက်တာ မလိခ
စိုးထိုက်အောင်က ရှင်းပြခဲ့သည်။
‘အမုန်း၌ စတင်ခဲ့သောအချစ်’
ဒီဗီဒီဇာတ်ကားမှာ ဒေါင်လွဏ်း၏ ဇာတ်လမ်းကို ပိုင်စိုးကဇာတ်ညွှန်း ရေးသားကာ
ဒါရိုက်တာ မလိခစိုးထိုက်အောင်က ရိုက်ကူးထားပြီး ကချင်စကားပြော
ဇာတ်ဝင်ခန်းများ တွင် မြန်မာစာတမ်းထိုးဖြင့် ပြသသွားမည်ဟု သိရှိရသည်။
ယင်းဇာတ်ကားတွင် ဟိန်းဝေယံ၊ မိုးဟေကို၊ မေသန်းနု၊ ကျော်ထူးစသည့်
သရုပ်ဆောင်များနှင့်အတူ ဒေါင်လွဏ်း၊ Lဇော်ဒိန်၊ Mဂျာအောင်စသည့် ကချင်
သရုပ်ဆောင်များလည်း ပါဝင်ထားကာ မြစ်ကြီးနားမြို့နှင့် မြန်မာ-
တရုတ်နယ်စပ်ရှိ မေခမြစ်၏ မြစ်ဖျားပိုင်းဒေသများ ဖြစ်သည့် ချီဖွေ၊ ပန်ဝါ
စသည့် ဒေသများတွင် သွားရောက် ရိုက်ကူးထားခြင်း ဖြစ်သည်ဟု သိရှိရသည်။
ရန်ကုန်တွင် ရုံတင်ပြသပြီး ဇာတ်ကားဖြစ်သည်ဟု သိရသည်။

Comments